Part 5(U&Z)

10.2K 503 14
                                    

Unicode

ဗြန်း!

ဗြန်း!

"မင်းထင်ဆိုတဲ့ကောင် အခုထွက်ခဲ့စမ်း၊ စောက်ပြဿနာရှာတုန်းကရှာထားပြီး အခုမှကြောက်ပုန်း ပုန်းမနေနဲ့ဟိတ်ကောင်"

သူများရပ်ကွက်မှာသွားပြီး ခြံတံခါးကိုတဗြန်းဗြန်းကန်ကျောက်ကာ ရပ်ကွက်ကြားအောင်ခေါ်နေခြင်းဖြစ်သည်။ သူ့ကောင်းမှုနဲ့ကိုယ်အိမ်ပေါ်ကဆင်းခဲ့ရသည့်အဖြစ်က မတန်မဆပါလား။ ဒီအတိုင်းတော့လုံးဝမကျေအေးပေးနိုင်ပါ။ စက်ရာဆိုတဲ့ကောင်ကိုဘယ်လိုထင်နေလို့ ဒီလိုလာချိုးရတာလဲ။နာရီဝက်လောက်ကြာမှ ခြံထဲဆင်းပြီး တံခါးလာဖွင့်တဲ့ မင်းထင်ကိုမြင်တော့ စက် ဒေါသကြောင့် လက်ဖဝါးတို့က မင်းထင်မျက်နှာထံကျရောက်သွားသည်။

ဖြောင်း!

ဂျူဒိုတက်ထားသူပီပီလက်သံကတော့ပြောင်လှသည်။ စက်ရဲ့ရိုက်
ချက်ကြောင့် မင်းထင် ခန္ဓာကိုယ်ယိုင်သွားပြီးပါးပြင်တစ်ခုလုံးထုံကျဥ်ကာရဲတက်လျက်။ ဒီလောက်ဆို ဒီကောင်ဘာဖြစ်လာလဲသိလိုက်တာ
နှင့် အပြုံးတို့က လူမိုက်ဆန်ဆန်ချက်ချင်းပြောင်းလဲကာစက်ကိုကြည့်လိုက်ပြီး

"အဟက်! ဘယ်လိုလဲ ငါပေးတဲ့လက်ဆောင် ကြိုက်ရဲ့လား၊ မင်းပထွေးကြီးရောဘာပြောသေးလဲ"

မင်းထင် အက်ျီစကို စက် ဆုတ်ယူလိုက်ပြီး မျက်နှာချင်းနီးအောင်ကပ်လိုက်ပြီး မျက်ထောင့်နီနီများဖြင့်ဝါးစားမတက်ကြည့်လိုက်ကာ မချိတရိပြုံး၍

"မင်းကငါ့ကိုဘာအောက်မေ့နေလဲ..ဟမ်၊ မင်းဒီလိုလုပ်ရုံနဲ့ ငါယိုင်လဲသွားမယ်ထင်ရင်မင်းမှားသွားပြီ၊ မင်းလိုလူက ငါ့အတွက်တော့မြူမှုန်တစ်မှုန်လောက်တောင်စောက်ရေးမပါဘူး နားလည်လား၊ ထွီ! ငါဘာကောင်လဲဆိုတာတစ်လောကလုံးသိတယ်၊ အေး!မင်းဒီထက်ပိုပြီး မနာချင်ဘူးဆိုရင် ငါနဲ့ဝေးဝေးရှောင်၊ မဟုတ်ရင် မင်းလိုလူက ငါ့လက်ထဲဘာဖြစ်သွားမလဲဆိုတာ ကိုယ့်ကိုယ်ကိုစဥ်းစားထား"

ပြောပြီးတာနဲ့ ဆုတ်ယူထားတဲ့အင်္ကျီကိုလွှတ်ချလိုက်ပြီး စက်ကိုယ်ပေါ်မှအနည်းငယ်ရွဲနေသော အင်္ကျီစကိုပြန်ပြင်လိုက်ကာ လှည့်ထွက်သွားသည်။မင်းထင်အံတကြိတ်ကြိတ်နှင့်လက်သီးဆုတ်လျက်သားကျန်ခဲ့သည်။ သူဟာဘယ်တုန်းကမှစက်ရာရှိန်လင်းဆိုတဲ့လူကိုမနိုင်ခဲ့သောကြောင့်။

My Weird Husband [ Completed ]Where stories live. Discover now