Part 6(U&Z)

9.9K 451 3
                                    

Unicode

"အား!ကိုကိုစာဆိုကလဲ ထပ်ပြောပြပါအုံး ၊ ဒီတစ်ခေါက်သရဲပုံပြင်က အရမ်းတိုလွန်းတယ်"

"ဟုတ်တယ်၊ ဟုတ်တယ် သားသားတို့က အဆူခံပြီးတောင် ဒီအထိလာခဲ့ရတာ၊နောက်တစ်ပုဒ်ထပ်ပြောပြပါ"

ရွာအပြင်ကုက္ကိုပင်ကြီးအောက်မှာကလေးတွေစုရုံးထိုင်ပြီး စာဆိုပြောတဲ့သရဲကြောင်းကိုနားထောင်ကာအားမလိုအားမရနှင့် တစ်ယောက်
တစ်ပေါက်ပြောဆိုနေကြခြင်းဖြစ်သည်။ ကလေးလေးတွေစကားကြောင့် စာဆိုပြုံးလိုက်ပြီး ကိုင်ထားတဲ့ စာအုပ်လေးကိုပိတ်လိုက်သည်။ ဒီရွာမှာ သူ့ကိုလူလိုသူလိုဆက်ဆံတာဆိုလို့ဒီကလေးတွေပဲရှိတာဖြစ်သည်။ Accidentဖြစ်ပြီးနောက် ဆေးရုံမှာသတိရလာတာနဲ့ သူ့ဘဝဟာရုတ်တရက်ဆိုသလိုပြောင်းလဲခဲ့ရသည်။

မြင်မြင်သမျှဟာအထူးအဆန်းတွေကြီးပဲဖြစ်ကာ ကုတင်ဘေးက လူနာတွေကိုကြည့်လိုက်တော့ သေဆုံးသူတွေရဲ့ဘေးမှာ ဝိညာဥ်တွေကို မြင်လိုက်ရတာမို့ ကြောက်လန့်ခဲ့ရသည်။ ငယ်စဥ်ကျောင်းတက်တုန်းကလဲ၊ ကျောင်းမှာသေသွားတဲ့ဆရာမတစ်ယောက်ကလိုက်ခြောက်တာလဲခံခဲ့ရလို့၊ အော်ဟစ်ငိုယိုသောင်းကြမ်းရင်း သရဲမြင်ရတယ်ပြောလိုက်တာမို့၊ တခြားကလေးတွေကြောက်လန့်နေမှာစိုးပြီးသူ့ကိုကျောင်းပင်ဆက်မတက်ခိုင်းခဲ့တဲ့အဖြစ်။တစ်ချို့ကတော့သူ့ကိုမြင်ရင် အရူးတစ်ယောက်ဆိုသည့်မျက်လုံးမျိုးနှင့်ကြည့်ကာဖယ်ကျဥ်ခဲ့ကြသည်။တစ်ချို့ကတော့အနိုင်ကျင့်နှိပ်စက်ကြသည်။

ဒီကလေးတွေကလွဲရင် တကယ်တော့သူဟာ ရွာရဲ့အပယ်ခံတစ်ယောက်ဖြစ်သည်။ ဒါပေမယ့်သူ့အတွက်တော့ ဒီလိုဘဝဟာ အသား
ကျလာပြီး မထူးဆန်းတော့ပါ။ သရဲဆိုတာကိုလဲမကြောက်တက်တော့ပဲ တစ်ချို့ဝိညာဥ်တွေနှင့်ဆိုခင်မင်ရင်းနှီးတာတောင်ရှိသည်။ ဒါတင်ပဲလားဆိုတော့မဟုတ်၊ တစ်ချို့လူတွေကိုကြည့်လိုက်ရင်လဲကိုယ်ရောင်
ကိုယ်ဝါလို အခိုးအငွေ့တွေကိုတောင်မြင်ရသူဖြစ်သည်။ တကယ်ပဲသူဟာဘာလဲဆိုတာ သူ့ကိုယ်သူမသိတော့။

"ဒီနေ့တော့ ကိုကိုနေသိပ်မကောင်းချင်သလိုဖြစ်နေလို့၊ နောက်နေ့မှ ဒီထက်ပိုကောင်းတဲ့သရဲကြောင်းတွေပြောပြမယ်လေ၊ဘယ်လိုလဲ"

My Weird Husband [ Completed ]Where stories live. Discover now