Part(41)

5.6K 391 27
                                    

Unicode
 
     "ဆန်းမြတ်....စိတ်ကိုငြိမ်အောင်ထား၊ ပထမဆုံး မောင်မောင့်ဆီ ဖုန်းဆက်ကြည့်ကြမယ်"

    "ငါဆက်လိုက်မယ် မဂ္ဂ..."

  ဆန်းမြတ်က တစ်ကိုယ်လုံး ဇောချွေးတွေပြန်ကာ တုန်ရီလျက်ရှိသည်။ဖုန်းခေါ်နေသည့် မခကိုယ်တိုင်တောင် လက်တွေက အယောင်ယောင် အမှားမှား ဖြစ်နေ၏။ပူထူနေသည့် စိတ်တို့အား ကြိုးစား၍ ဖြေ​နေရသည်။

    "လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်"

    "အား....မဟုတ်ဘူးလို့..."

    "စိတ်ထိန်းပါဦးကွာ။အကြောင်းတစ်ခုခုကြောင့် ပိတ်ထားတာမျိုး ဖြစ်ပါလိမ့်မယ်။ပြည်ဦးလွင်က ဒီနဲ့ဘယ်လောက်မှ မဝေးပါဘူး။ငါတို့ လိုက်သွားလို့ ရတာပဲ"

   "ဟိဏ်းရာ....ငါ့ရင်တွေ ကွဲတော့မယ်ကွ။သိလား။ငယ်လေးသာ တစ်ခုခုဖြစ်ရင် ငါသေမှာ...ငါသေပစ်လိုက်မှာ....ငါကွာ"

   ဟိဏ်းက ဆန်းမြတ်ဘေး ဝင်ရပ်ကာ ဘာစကားဆိုရမည် မတွေးတတ်တော့ချေ။နှစ်သိမ့်ပေးစရာ စကားလုံးတို့က ပျောက်ရှရကုန်ပြီ။

    "ကားအဆင်သင့်ဖြစ်ပြီ ကိုကြီး"

    "အေး....ငါမောင်းမယ်။မင်းတို့က ဆန်းမြတ်ကိုခေါ်ပြီး နောက်ခန်းကလိုက်"

    မြေမခ မဂ္ဂဘေးတွင် ဝင်ထိုင်လိုက်သည်။မိသားစုစီးကားဖြစ်တာမို့ နောက်နှစ်ခန်းတွင် လေးယောက်ဖြစ်၏။ အားလုံးလည်း ပူထူနေကြသည်။ဆန်းမြတ်ကတော့ မျက်နှာကို လက်နှစ်ဖက်အုပ်ကာဖြင့် မျက်ရည်တွေ အဆက်မပြတ်ကျနေ၏။

     "Ring....Ring"

  "ဆန်းမြတ် မင်းဖုန်း....ကားရပ်လိုက် ကိုကြီး"

    ဆန်းမြတ်၏ ဖုန်းမျက်နှာပြင်အား မြင်လိုက်ရသည့် အနေအထားကြောင့် အနဂ္ဂ အပြေးတပိုင်း အော်လိုက်မိသည်။ကားဟာ ခြံတံခါးအထွက်မှာတင် အရှိန်ထိုးရပ်သွား၏။အားလုံးကလည်း တုန်ရီနေသည့် ဆန်းမြတ်ထံ အကြည့်ရောက်သွားကြသည်။

     "ငယ်...ငယ်လေး...ကိုကို့ရဲ့ ငယ်လေးလားဟင်"

     "ကိုကို..."

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now