Part 16(U&Z)

7.1K 368 0
                                    

Unicode

ညက အိမ်ကို စက်ပြန်မလာ။ သူ့စကားကြောင့်စိတ်ဆိုးသွားတာလားတော့မသိ။စာဆိုလဲ ပြန်မလာတာကောင်းတယ်ဟုတွေး၍ ခြံထဲဆင်းလာတော့ခြံထဲမှာပန်းပင်ရေလောင်းနေတဲ့ ကိုတုတ်ကြီးကိုကြည့်ရင်း စာဆိုကိုတုတ်ကြီးနားသွားကာ ထိုင်ချလိုက်ပြီး ပန်းပင်လေးတွေဘေးက ပေါင်းပင်လေးတွေကိုလိုက်နှုတ်နေလိုက်၏။ ကိုတုတ်ကြီးကတော့ဘာမှမပြောပဲ ပန်းပင်ရေဆက်လောင်းနေရင်း သီချင်းလေး တညီးညီးနှင့်ဖြစ်သည်။ ပြီးမှ စာဆိုကိုပြန်ကြည့်လိုက်၍

"အကိုလေး ညက ပြန်မလာဘူးလားသား"

"ဟုတ်"

ကိုတုတ်ကြီးသက်ပြင်းချလိုက်ပြီး စာဆို့ဘေးနားထိုင်ကာ စာဆိုနဲ့အတူ ပေါင်းပင်လေးတွေ လိုက်နှုတ်နေတာဖြစ်သည်။ ဘယ်လိုပဲသူတို့နှစ်ယောက်အဆင်မပြေဖြစ်ပေမယ့် စက်က သူ့ကိုယူထားတာချစ်လို့မဟုတ်ဘူးလား။ဒီကလေး စက်အပေါ် အဆိုးမြင်နေတာတွေ လျော့လိုလျော့ငြား စက်အကြောင်းတော့အနည်းငယ်ပြောပြထားရမည်သာ။

"စက်က ငယ်ငယ်တုန်းကလိမ္မာခဲ့ပေမယ့် မိခင်ကိုဆုံးရှုံးပြီးတဲ့နောက်မှာ ဒီလိုပြောင်းလဲသွားတာပဲ၊ဆရာ့ကြောင့် သူ့အမေ မသေသင့်ပဲသေခဲ့ရတာလိူ့ထင်သွားတာလေ၊ အဲ့ကတည်းကစပြီး စက်က ဘယ်သူဘာပြောပြော ဂရုမစိုက်တော့ပဲ သူလူပ်ချင်တဲ့အရာဆို တဇွတ်ထိုးလုပ်တော့တာပဲ သားရယ်၊ ဘယ်လောက်ဆိုးခဲ့လဲဆို ဆေးတက္ကသိုလ်ကနေထွက်လိုက်ရတဲ့အထိပဲ"

"ဟင်!ဦးစက်က ဆေးကျောင်းသားဖြစ်ခဲ့ဖူးတာလား ဦးတုတ်ကြီး"

စာဆိုကအံ့သြ သလိုလှည့်ကြည့်ပြီးမေးလိုက်တာနဲ့ ကိုတုတ်ကြီးမျက်
လွှာချ၍ခေါင်းငြိမ့်လိုက်ကာ

"ဆရာက သွင်းခဲ့တာလေ ၊ ဒါလဲ အဆင်မပြေပါဘူး။သားကိုယူထားတာကတော့ ဆရာ့ကိုရွဲ့ချင်လို့ မဟုတ်ဘူးဆိုတာ ဦးတုတ်ကြီးသိတယ်၊ သူသားကို တကယ်ပဲမြတ်နိုးလို့နေမှာပါ၊ စက်ရဲ့ အရင်ကသတင်းတွေကြောင့်သားစိတ်ခုနေမယ်ဆိုတာလဲနားလည်ပါတယ်၊ ဒါပေမယ့် စက်ကလေ သားထင်သလိုလူမဟုတ်ပါဘူးကွယ်၊ သားကသာ စက်ကို ပြုပြင်ပေးနိုင်မယ်ဆို စက်လိမ္မာလာမှာပါ၊သားတို့ရွာမှာ ဘယ်လိုအဆင်မပြေဖြစ်ခဲ့လဲဦးတုတ်ကြီးမသိပေမယ့်အခုချိန်မှာတော့ အိမ်ထောင်ဖက်တွေဖြစ်နေပြီလေ၊သားဘက်ကလဲ စက်ကိုယုံကြည်ပြီး အချိန်တစ်ခုလောက်ထိတော့စောင့်ကြည့်စေချင်တယ်"

My Weird Husband [ Completed ]Where stories live. Discover now