Part 19(U&Z)

6.8K 360 1
                                    

Unicode

မျက်စိနှစ်လုံးပွင့်လာတာနဲ့ ထထိုင်လိုက်ပြီး ကြည့်လိုက်တော့ ကိုယ့်အခန်းထဲမှာဖြစ်ပြီး လက်မှာတော့Dripတန်းလန်းနဲ့ဖြစ်သည်။ စာဆို ကိုယ်ပေါ်မှာခြုံထားတဲ့စောင်ကြီးကိုဖယ်ချလိုက်ပြီး လက်မှအပ်ကိုဖြုတ်ကာ အောက်ဆင်းလာတော့ ကိုတုတ်ကြီးက စွတ်ပြုတ်ပန်းကန်ကြီး ကိုင်ပြီး အပေါ်တက်ဖို့ပြင်နေတုန်း စာဆို ဆင်းလာတာမြင်လိုက်သည်နှင့်

"အယ်...သားနိုးလာပြီလား၊ လာဒီမှာ ဦးတုတ်ကြီး စွတ်ပြုတ်လုပ်ပေးထားတယ်အဲ့တာလေးသောက်ပြီး ဆေးလေးသောက်လိုက်အုံး"

"ကျွန်တော်ဘယ်လိုဖြစ်သွားတာလဲဟင်၊အခုလဲညနေတောင်ဆောင်းနေပြီ"

ဘာမှမသိသလိုမေးလာတဲ့စာဆို့ကိုကြည့်ပြီး ကိုတုတ်ကြီး စွတ်ပြုတ်ပန်းကန်ကိုစားပွဲပေါ်တင်လိုက်ကာ နဖူးကိုစမ်းလိုက်တာဖြစ်၏။

"မင်းဖျားနေတာလေ၊တော်သေးတယ် ရှိန်လင်းကစောစောမြင်လိုက်လို့ "

ချပေးတဲ့စွတ်ပြုတ်ကို ခပ်သောက်လိုက်ရင်း ကိုတုတ်ကြီးစကားကိုခေါင်းငြိမ့်လိုက်တော့ သက်ပြင်းလေးချပြီး ဆေးတွေဘေးချပေးကာ စာဆိုကိုကြည့်လိုက်စဥ်မှာပဲ ဖုန်းဝင်သံကြားလိုက်ရတာဖြစ်သည်။ ဖုန်းသွားကိုင်ပြီး ခဏအကြာမှပြန်ရောက်လာကာ ဖုန်းကို စာဆို့ဆီလှမ်းပေးလိုက်တော့ စာဆိုက ပြူးကြည့်နေပြီး ဘာလဲဆိုသည့်သဘောနှင့်ဖြစ်၏။

"အကိုလေးဆီက"

"သြော်..."

ကိုတုတ်ကြီးလွှဲပေးတဲ့ ဖုန်းယူပြီး အပေါ်ထပ်တက်လာရင်း အခန်းထဲ ပြန်ဝင်ကာ ပြတင်းပေါက်နားထိုင်ချလိုက်သည်။အပေါ်တက်သွားတဲ့ စာဆို့ကိုကြည့်ရင်း စားပွဲပေါ်က စားလက်စ စွတ်ပြုတ်ပန်းကန်နဲ့ ဆေးတွေကိုပြန်ကြည့်ကာ ကိုတုတ်ကြီး ဘာလုပ်ရမလဲဖြစ်သွား၏။ ဒီကောင်လေး ဖုန်းပြောတာအပေါ်ထိတက်ပြောဖို့လိုသလား။

"Hello ပြော"

ဖုန်းထဲက စူစူဆောင့်ဆောင့်လေသံကြောင့် စက် ကမ်းစပ်မှာလမ်း
လျှောက်လိုက်ရင်းပြုံးလိုက်တာဖြစ်သည်။ Foreignerတွေကို Hotel လိုက်ပို့ရ နေရာစီစဥ်ပေးရ၊ ကားစီစဥ်ပေးရနဲ့ အလုပ်ရှုပ်နေတုန်းမှာပဲ လင်းဆီက ဖုန်းဝင်လာတာကိုင်လိုက်တော့ စာဆိုနေမကောင်းဖြစ်တယ်ဆိုတာလှမ်းအသိပေးလိုက်တာနဲ့အားတဲ့အချိန်မှာ ဖုန်းခေါ်လိုက်ခြင်းဖြစ်သည်။

My Weird Husband [ Completed ]Where stories live. Discover now