Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု

2.7K 607 6
                                    

Unicode

အခန်း(၃၄၇) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု

ကျိုးပျက်ဓားတောင်ထွတ်မှာ လင်ရွှမ်းဇီ ရှိနေစဉ်တုန်းက လက်တွေ့အားဖြင့်တော့ တောင်သခင်လေးတစ်ယောက် ဖြစ်ခဲ့တာဖြစ်သည်။ သူက ဖြောင့်မတ်မှန်ကန်ပြီး လောကီရဲ့ မြေမှုန်တွေနဲ့ မထိတွေ့ထားသလိုမျိုး ထင်ရကာ ကိစ္စများကို ကိုင်တွယ်ရာတွင်လည်း အလွန်ယုံကြည်စိတ်ချရသူဖြစ်သည်။

တုချီယင်းက သူလုပ်ထားခဲ့တဲ့ အမှားများကို လင်ရွှမ်းဇီ သိသွားမှာ စိုးရိမ်တာကြောင့် သူ့ကိစ္စများကို လျှို့ဝှက်ထားခဲ့ရပြီး သူ့ကိုယ်သူ ထိန်ချုပ်ထားရကာ ထုတ်ဖော်မပြောရဲခဲ့ပေ။ သို့သော်လည်း လင်ရွှမ်းဇီ ဂိုဏ်းထဲက ထွက်ခွာသွားပြီးနောက်မှာ တုချီယင်းက တောင်သခင်လေးတစ်ယောက်အဖြစ် ရာထူးတိုးသွားခဲ့သည်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း သူက ပိုပိုပြီး အထိန်းအကွပ် မဲ့လာခဲ့သည်သာ။

တစ်ခါတစ်ရံမှာ သူ့အမှားတွေကိုပင် ဖုန်းကွယ်ဖို့ မကြိုးစားတော့ပဲ တစ်ခြားသူတွေ သိသွားအောင်လုပ်ဖို့ကိုပင် စိတ်ရှုပ်နေတတ်သည်။ သို့သော်လည်း တုချီယင်းမှာ သန်မာအားကောင်းတဲ့ နောက်ခံရှိတယ်လို့ လူများက ထင်မြင်ယူဆကြတာကြောင့် အများစုက သူတို့ရဲ့ စိတ်ပျက်မှုများကို ထိန်းချုပ်ထားခဲ့ရ၏။

တုချီယင်းတစ်ယောက် ဒေါသထွက်နေတာကို မြင်သောအခါ လင်ယွီရိုက တီးတိုးပြောလိုက်သည်။

"စီနီယာအကိုကြီးတု, လင်ရွှမ်းဇီက သူ့မိသားစုက လူကိုတောင် ဒီလိုမျိုး ဆက်ဆံမယ်လို့ ကျွန်မ မထင်ခဲ့မိဘူး, အကယ်၍ ကျွန်မသာ စောစော သိခဲ့မယ်ဆိုရင် ဒီလိုမျိုး ဂုဏ်ယူဝံ့ကြွားသလို လုပ်ဆောင်ပြီး အကို့ကို အကြောင်းပြချက် မရှိပဲ နှောင့်ယှက် ခံရစေမှာ မဟုတ်ဘူး"

တုချီယင်းက လင်ယွီရိုရဲ့ မှားယွင်းခံရသလို မျက်နှာထားကို တစ်ချက်ကြည့်လိုက်ပြီး သူမရဲ့ သွယ်လျတဲ့ခါးအား သူ့လက်မောင်းဖြင့် သိုင်းဖက်လိုက်ကာ သူ့နှုတ်ခမ်းကို အနည်းငယ် ကွေးညွှတ်လိုက်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now