Part - 27⚡

10.6K 489 33
                                    

🔹Unicode🔹

ထင်First semesterစာမေးပွဲလဲပြီးပြီမို့ ဦးသက်ဘုန်းနိုင်နဲ့စိတ်ပြေလက်ပျောက်ပြင်ဦးလွင်ကို ခရီးထွက်လာလိုက်သည်။Honey moonလဲမသွားရသေးတာမို့ သူကြိုက်တဲ့နိုင်ငံလိုက်ပို့ပေးမယ်ပြောတော့ ကိုယ်အလုပ်မအားတာကိုသိတဲ့အမျိုးသားလေးက နီးနီးနားနားပြင်ဦးလွင်ကိုပဲသွားမည်ဟု အလိုက်သိသည်မို့ အချစ်ပိုရ‌ပြန်သေးသည်။

"သည်းငယ် ခရီးပမ်းလား"

"မပမ်းပါဘူး ဟိုနားဒီနားပဲဟာကို
ဦးရော အသက်ကြီးနေပြီဆိုတော့ ပမ်းလား ဟီး"

"ဟား ဟား သည်းငယ်ကတော့ကွာ ဦးကအသက်ကြီးပေမယ့်သန်မာတုန်းပါ သက်သေပြလိုက်လို့ ဒီကလေးငိုနေရမယ်"

"ဟွန့် ဦးနော်"

"ဦးက စတာပါ အခုဘာလုပ်မလဲနားမလား လည်မလား"

"ဘုရားသွားမယ်လေ ပြီးရင် ပွဲကောက်သွားမယ်"

"ဟုတ်ပါပြီဗျာ ဒါဆိုအ၀တ်လဲလေ သည်းငယ် ဦးထုတ်ပေးရမလား"

"ဟင့်အင်း ကျွန်တော်ထုတ်မယ်"

Luggageအိတ်ထဲမှ ဘုရားသွားရင်၀တ်ဖို့ မြန်မာ၀တ်စုံဆင်တူလေးနှစ်ထည်ကိုထုတ်လိုက်ပြီး နောက်ထပ်အပိုအင်္ကျီနှစ်စုံစီ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။

"ဦးရော့ ဒါလေး၀တ်"

သနပ်ခါးရောင်စတစ်ကော်လံလေးကို အမဲနဲ့အဝါအကွပ်စိပ်ပုဆိုးလေးနဲ့တွဲထားခြင်းဖြစ်သည်။အခုဆိုရင် ဦးသက်ဘုန်းနိုင်ဘ၀က အရာရာပြည့်စုံသာလွန်နေပြီဖြစ်သည်။ချစ်ရတဲ့အမျိုးသားလေးရဲ့ တုံ့ပြန်အချစ်ကဆုတောင်းပြည့်ခဲ့ပြီမို့ အစစအရာရာဂရုစိုက်ပြီး ချွဲနွဲ့နေတာလေးက အပိုဆုဖြစ်လိမ့်မည်။

ပြည်ချစ်ဘုရားကို အရင်သွားပြီး နှစ်ကိုယ်တူ နောက်သံသရာထိ ဖူးစာပါဖို့ ဘုရားထံပါးမှာ နားပူအောင်ဆုတောင်းရအုံးမည်။ချစ်ရတဲ့အမျိုးသားလေးပျော်ရွှင်ပါစေလို့ ဆုတောင်းစရာအလိုပေ။ကိုယ့်လက်ထဲမှာရှိနေရင် သူ့အတွက်ပျော်ရွှင်မှုကို ဘယ်နည်းနဲ့မဆို ရအောင်ယူပေးမည်ဖြစ်သည်။

ချစ်ရတဲ့ခင်ပွန်းပေါက်စလေး၏ လက်ကလေးတွဲပြီး ဘုရားရင်ပြင်မှာ လမ်းလျှောက်ရတဲ့feelingက အရာရာပြည့်စုံစေသည်။ဆုပ်ကိုင်ထားသော။ က်ကလေးက စင်စစ်လောကနိဗ္ဗာန်ဖြစ်သည်။

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now