chapter 13

3K 655 15
                                    

UNI

Fei Cheng တံခါးကိုဖွင့်ဖို့ လျှို့ဝှက်နံပါတ်ကိုရိုက်ထည့်လိုက်ပြီး အိမ်ထဲဝင်လိုက်တဲ့အခါ Ruan Xinက အပေါက်ဝမှာ ဖိနပ်စီးနေတာကို တွေ့လိုက်ရတယ်။

"Chengcheng ပြန်လာပြီ" Ruan Xinက ပြုံးပြီးတော့ပြောတယ်။

"ကျတော် ခင်ဗျားကို ဘယ်နှစ်ခါပြောရမလဲ။ ကျတော့်ကို Chenchengလို့ မခေါ်နဲ့လို့။ အဲ့နာမည်က အရမ်းကလေးဆန်တယ်" Fei Cheng နံရံကို ကျောမှီပြီးရပ်လိုက်တယ်။

"အခုအချိန်က တော်တော်နောက်ကျနေပြီ။ ကျတော့်ကောက အခုအချိန်ထိ ခင်ဗျားကို အလုပ်တွေ ညစ်ခိုင်းနေတုန်းလား? ကျတော်သာ ခင်ဗျားနေရာမှာ ဆိုရင်တော့ နှုတ်ထွက်စာရေးပြီး သူ့မျက်နှာကို ပစ်လိုက်ပြီးပြီ"

Ruan Xinရဲ့ နှစ်လိုဖွယ်ကောင်းတဲ့အပြုံးတွေမှာ မမြင်နိုင်တဲ့ ကသိကအောက်ဖြစ်မှုတွေ တစ်စွန်းတစ်စ ရောနှောနေတယ်။ အဲ့ဒီဟာကိုကွယ်ဝှက်ဖို့ သူ့ရဲ့ခေါင်းကို ငုံ့ချပြီး ပြောလာတယ်။

"လစာက အများကြီးရတော့လည်း နေတိုင်းအချိန်ပို အလုပ်လုပ်ရတာက ငါ့အတွက် မကျေမနပ်ဖြစ်စရာမှ မဟုတ်တာ"

"ဘာလဲ ခင်ဗျားက ပိုက်ဆံအရမ်းပြတ်လတ်နေလို့လား?"

"မဟုတ်ပါဘူး ဒါပေမယ့် ငါအများကြီးလဲ မလိုပါဘူး" Ruan Xinက ပြုံးထားဆဲပဲ။ "ဒါနဲ့ စကားမစပ် မင်းရဲ့ ပထမဆုံးနေမှာ အလုပ်လုပ်ရတာလေး ဘယ်လိုခံစားရလဲ?"

Fei Cheng ပခုံးတွန့်ပြီးသက်ပြင်းချလိုက်ကာ "ဒီလိုပါပဲ။ ကျတော်က စွမ်းဝူခုံး။ ကျတော့်ကောက ဗုဒ္ဓ။ ဆိုတော့ ကျတော်က ကြောက်စရာကောင်းတဲ့ သတ္တဝါပေါက်စလေး။ ကျတော့်ကောက Ultraman။ အဲ့တာနဲ့ပတ်သက်ပြီး ကျတော်တုန့်ပြန်နိုင်တာ ဘာမှမရှိဘူး။ အဲ့တော့ ကျတော့်ရဲ့ဒေါသတွေကို ပြန်မြိုချရုံပဲ တတ်နိုင်တယ်"

"မင်းပြောနေတာကလည်း မင်းကရေနက်ထဲမှာ အသက်ရှင်နေရတဲ့ပုံစံကျနေတာပဲ" Ruan Xinက ရယ်ပြီးပြောတယ်။ "Mr.Feiက မင်းကိုဘယ်လောက်ချစ်သလဲဆိုတာ အကုန်လုံးထက် ငါပိုသိတယ်။ ဒါကြောင့်မို့လို့ ဒါက မင်းကို ထိခိုက်စေမှာ မဟုတ်ပါဘူး"

Fei Chengက ရုတ်တရက် သူ့ရဲ့အသံကို တိုးလိုက်တယ်။

"လက်ထောက် Ruan ကျတော် ခင်ဗျားကို တစ်ခုလောက်မေးချင်တယ်"

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now