Part 10(Uni+Zawgyi)

6.5K 303 4
                                    

Uni

"ခေတ်ပြီးပြီလား"

" လာပြီ​မောင်​ရေ "

ခန့်မင်းက  dinner ​ကျွေးပြီးရ​ဝေနဲ့သူငယ်ချင်း​​ တွေကို မိတ်ဆက်​ပေး မလို့တဲ့။ ဆိုင်ထဲရှိ private room တွင်အဏ္ဏဝါနဲ့မြတ်​တော်ဝင်​  ရောက်ရှိ​​​နေကြပြီ။

"ဟင်မြတ်က​လေး "

"ဩအကို​ခေတ်"

"မြတ်က​လေးက ဘယ်လို "

သူတို့ သူငယ်ချင်း ၃​ယောက်နဲ့ သက်​ဆိုင်သူ​တွေသာ ဖိတ်​ကျွေးတာ ဖြစ်တာ​ကြောင့် မြတ်က​လေးက ။

"အကို​ခေတ် ကို ကျ​နော် မ​ပြောမိလို့ပါ ၊
အကို့ညီ​လေးနဲ့ ကျ​နော် ချစ်သူဖြစ်​နေပြီ "

​"ဟော သွပ်လှချည်လား အဏ္ဏဝါ၊
အကိုညီ​လေးကို ဂရုစိုက်​ပေးပါအုန်း​နော်၊
အဏ္ဏဝါ နဲ့ဆို အကိုစိတ်ချပါတယ်"

"ဟုတ်   အကို​ခေတ်စိတ်ချပါ"

"ခန့်မင်းတို့မလာ​သေးဘူးလား နောက်ကျတယ်​နော် "

​"ဟောဟိုမှာ လာ​နေပြီ "

ခန့်မင်းက  ရ​ဝေ့လက်ကိုဆွဲလျှက် ။ ခန့်မင်း​ပြောပြထားလို့ ရ​ဝေ့  ရဲ့ဖြစ်တည်မှု ကိုသူတို့ သူငယ် ချင်း​တွေသိထားကြ​ပေမယ့် လူချင်း​​တော့အပြင်မှာ မ​​တွေ့ဘူးကြပါ။ရ​ဝေ့ရဲ့သိတတ်မှုကို  ​ခေတ်ဆိုအရမ်းကို ​လေးစား​နေမိတာတဲ့။

'ထိုင် ​​ဝေ"

​"ဝေတို့ ​နောက်ကျ​နေလို့​တောင်းပန်ပါတယ် "

"ရပါတယ်"

"အခုမှပဲလူချင်း​တွေ့ပြီး အားလုံးနဲ့မိတ်ဆက်​ပေးရ​တော့တယ် ဒါ ရ​ဝေ​သူ တဲ့ "

​"အေးပါကွာ သားရီး မင်းနဲ့​တောင် မလိုက်ဘူး ရ​ဝေက အလှ​လေး "
အဏ္ဏဝါရဲ့စကားကို ​ခေတ်ကပါ

"တကယ်အလှ​လေးပါ ခန့်မင်း "

"အကို​ခေတ် ​ကျေးဇူးပါ "

"သူတို့​တွေက  ကိုယ့်သူငယ်ချင်း ​​တွေ ​ဝေ၊
ဒါက ရွှေဘုန်းတန်ခိုး ​ဘေးကသူရဲ့ချစ်သူ့ အကို​ခေတ်   တ​ခေတ်ဆန်းသစ်  တဲ့ designer"

"ဟုတ်​တွေ့ရတာဝမ်းသာပါတယ် "

"ဟိုတ​ယောက်က  အဏ္ဏဝါမင်း သူ​ဘေးက​တော့ သူမကြာ​သေးခင်ကမှ အ​ဖြေရသွားတဲ့ အသစ်စက်စက် ချစ်သူ​လေး မြတ်​တော်ဝင်တဲ့"

Forever Together  (Completed)Where stories live. Discover now