Chapter 98

28K 4.1K 437
                                    

Unicode

ယန်းချင်းချီ : ငါက? ကိုယ်ဝန်?
________________________________

ကျန်းမော့ချန် သူ့ကို မလုံ့တလုံဖြင့် ပြုံးပြနေတာကိုမြင်တော့ ယန်းချင်းချီကလည်း အပြုံးခပ်ကြီးကြီးပြန်ပေးလိုက်သည်။

''သွားမယ်လေ ကိုယ် မင်းတို့နှစ်ယောက်ကို အပေါ်ထပ်လိုက်ပို့ပေးမယ် ''

ယန်းချင်းချီ မတ်မတ်ပြန်ရပ်လိုက်ကာ ကျန်းမော့ချန်ဆီလျှောက်သွားလိုက်ပြီး နားအနားကပ်၍တိုးတိုးလေးပြောလိုက်သည်။

''ပြောတော့ဘာမှမဖြစ်ဘူးဆို ''

ကျန်းမော့ချန် : ............ ဇနီးလေးက အရမ်းထက်မြက်လွန်းတယ်၊ ဒါကတချို့နေရာတွေကျ အဆင်မပြေဘူး။

ယန်းချင်းချီ သူ့ခန္ဓာကိုယ်က တစ်ခုခုဖြစ်နေမှန်း နောက်နေ့မနက်မှာ ပိုသေချာသွားတော့သည်။ မဟုတ်လျှင် ကျန်းမော့ချန်ကအလုပ်တောင်မသွားနိုင်ပဲ သူ့ကိုလိမ်စဥ်မျိုးစုံဖြင့်ကားပေါ်တင်ကာ ဆေးရုံကိုခေါ်သွားမည်မဟုတ်ပါ။

ယန်းချင်းချီကူကယ်ရာမဲ့သွားသည်။ သူ သူ့ကိုယ်သူလက်ညှိုးပြန်ထိုးရင်း

''ကျွန်တော်ကအရူးလား ''

''မင်းသာအရူးဆိုရင် ဒီကမ္ဘာပေါ်မှာ ဘယ်သူမှအကောင်းရှိမှာမဟုတ်တော့ဘူး '' ကျန်းမော့ချန်ကလည်း ထင်ရာမြင်ရာကို အမှန်အတိုင်းထုတ်ပြောလာသည်။

ယန်းချင်းချီ ခေါင်းငြိမ့်လိုက်ကာ

''အဲ့ဒါကြောင့် ကျွန်တော့်စိတ်အခြေအနေကို လိုက်ဖတ်နေစရာမလိုဘူး ထုတ်ပြောလိုက် ကျွန်တော်ဘာဖြစ်တာလဲ ဘာလို့ဆေးရုံကိုသွားပြီး Medical Check-up လုပ်ဖို့အထိလိုလာတာလဲ စိတ်မပူပါနဲ့ ကျွန်တော်ခံနိုင်ရည်ရှိပါတယ် ''

''ကိုယ်က Medical Check-up လုပ်ချင်တာပါဆို တခါတည်း မင်းပါစစ်ဆေးလိုက်တော့ပိုမကောင်းသွားဘူးလား တကယ်ဘာမှမဟုတ်ဘူး အကုန်အဆင်ပြေတယ် ''

''အကုန်အဆင်ပြေလို့ ဆေးရုံခေါ်သွားမှာကိုတောင် ပွင့်ပွင့်လင်းလင်းမပြောနိုင်ပဲ လိမ်စဥ်တစ်သိန်းနဲ့ လိမ်ခေါ်သွားချင်တယ်ပေါ့? ကျန်းမော့ချန် ခင်ဗျားကျွန်တော့်ကို ငတုံးများထင်နေလား ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now