စိတ်ပျက်ပျက်နှင့် ကားအား တွေ့သည့်နေရာမှာ အတင်းထိုးရပ်ကာ Taehyung ဆင်းလာခဲ့သည်.....
ဟန်မြစ်ကမ်းဘေးရှိ သူထိုင်နေကြ ခုံတန်းဟောင်းလေးတွင် နေရာယူရင်း မြစ်ပြင်ကျယ်ကြီးအား ငေးနေမိပြန်သည်.....
မျက်ရည်စတို့သည်လည်း မြစ်ပြင်ကျယ်ကြီးအား ဖြတ်တိုက်လာသော လေအေးအေးတို့ကြားတွင် ခြောက်သွေ့သွား၏။
ဒီနေရာလေးက တိတ်ဆိတ်ပေမယ့် သူ့အတွက်က သီးသန့်ကမ္ဘာငယ်လေးတစ်ခုလို.....
စိတ်ရှိလက်ရှိ ငိုချပစ်နိုင်သော နေရာ.....
ရင်ဖွင့်စရာစကားများအား တစ်ယောက်တည်း ပြောနိုင်သော နေရာ.....
ငေးရင်း ဆွေးရင်းဖြင့် အချိန်အတန်ကြာထိုင်နေမိသည်.....
ဝတ်ထားသော အကျီပါးပါးလေးမှာလည်း လေများတိုးတိုက်သဖြင့် ပျံ့လွင့်နေဆဲ.....
အအေးဓာတ်နဲနဲများလာသော်လည်း သူမမှု.....
အနားရှိ ကုတ်အကျီကိုလည်း မ၀တ်ဘဲ အနားတွင် အသာအယာချထားသည်....." ညောင်..... "
သူ့ထိုင်ခုံနားဆီသို့ အသံပေးကာ ရောက်လာသော ကြောင်ပေါက်လေးတစ်ကောင်.....
ပထမတော့ ဂရုမစိုက်ဘဲနေမိပေမယ့် ရှေ့သို့ရောက်လာသော ကြောင်လေးကြောင့် Taehyung အကြည့်ရောက်သွားမိ၏။
သွေးသံတရဲရဲနှင့် ကြောင်ပေါက်လေးက သူ့အား အကူအညီတောင်းနေဟန်.....
Taehyung သွေးများမြင်လိုက်ရသောကြောင့် ရင်ထဲ ထိတ်သွားမိသည်.....
မျက်လုံးများ အသာမှိတ်လိုက်စဉ် ပြန်မြင်လိုက်ရသော အတိတ်က မြင်ကွင်းတစ်ချို့.....
မီးလောင်ခါနီးနေပီဖြစ်သော ကားထဲမှ သူနှစ်ဦး.....
ထိုနှစ်ဦးလုံး၏ မျက်နှာများတွင်လည်း သွေးအလူးလူးဖြင့်....." သားလေး မလာနဲ့နော်.... အမေတို့ဆီ မလာနဲ့... ပြေးတော့.... ပြေး ပြေး.... "
" အဖေတို့ သားလေးကို ချစ်တယ်ဆိုတာ အမြဲတမ်းယုံထားနော်.... အဖေတို့..... "
" ဝုန်း.....!!! "သူ့ရှေ့မှာတင် ကားက ပေါက်ကွဲကာ တစစီဖြစ်သွားသော မြင်ကွင်းအား Taehyung ဆက်ကြည့်နေဆဲ.....
ဒီအဖြစ်အပျက်က ငါးနှစ်အရွယ်ကလေးအတွက် ကြောက်မက်ဖွယ် အိမ်မက်ဆိုးကြီး ဖြစ်နေခဲ့သည်ဟု ဆိုရမည်လား....
မျက်လုံးများအား အသာဖွင့်ကာ သူ့ရှေ့မှ ကြောင်ငယ်လေးအား အသာကောက်ယူလိုက်၏။
YOU ARE READING
VICTORIA[ COMPLETED ]
FanfictionI'm loyal , cruel , chill even I don't have a heart to love someone . They called me Psycho Taehyung but I called myself " VICTORIA " . Jeon Jungkook X Kim Taehyung X Min Yoongi