Part - 28⚡

9.5K 466 42
                                    

🔹Unicode🔹

နှစ်ယောက်အတူခရီးထွက်ခြင်းရဲ့ပထမဆုံးညတော့ရောက်လာခဲ့ပြီ။ဦးသက်ဘုန်းနိုင်တစ်ယောက်ထဲစိတ်ကူးယဥ်ရင်းစိတ်လှုပ်ရှားနေမိသည်။ဘာပဲဖြစ်ဖြစ်ဒါက Honeymoonမမည်တဲ့ Honeymoonပဲမလား။

ညစာစားပြီး အခန်းထဲပြန်ရောက်ကထဲက ထင်တစ်ယောက်ရေချိုးခန်းထဲ၀င်သွားတာ မိနစ်20လောက်ရှိနေပြီဖြစ်သည်။ရေချိုးခန်းထဲကနေဘယ်လိုပုံစံလေးထွက်လာမလဲဆိုတာတွေးကြည့်ပြီး တစ်မျိုးတစ်ဖုံရင်ခုန်နေမိပြန်သည်။

"ဟူး......"

'‌ဒေါက် ဒေါက်'

"သည်းငယ် သည်းငယ်လေး ထွက်ခဲ့တော့လေ အရမ်းမပြင်ဆင်လဲဖြစ်ပါတယ် သည်းငယ်ရဲ့အရာရာကိုဦးကချစ်ပြီးသားပါ ဘာလဲသည်းငယ်လေးက ရင်ခုန်နေတာလား"

"သည်းငယ် သည်းငယ်"

'‌ဒေါက် ဒေါက်'

၅မိနစ်လောက်နေတော့ ရေချိုးခန်းတံခါးဖွင့်လာတော့ကြည့်လိုက်တော့ ၀င်သွားတုန်းကပုံစံနှင့် ဘာမှမကွာပေ။ဆံပင်တွေသာဖွာသွားသလိုပင်။

"အား ပင်ပန်းတာ အိမ်သာတက်ရင်းတောင် အိပ်ပျော်သွားတယ် ဦး အသံကြားမှ လန့်နိုးလာတာ"

လို့ပြောပြီး ကုတင်ပေါ်သို့ မှောက်ယားထိုးပြီးပြုတ်ကျလာသောထင်။

"ဟင် သည်းငယ်က အိပ်ပျော်နေတာလား"

"..."

"ဟုတ်လား သည်းငယ်"

"..."

သေချာကြည့်တော့မှ အိပ်ပျော်နေသောကောင်လေး။

"တကယ် အိပ်သွားတာလား ဒါဆို ဟို ဟာ ဟို က ဘာမှ ဟူး"

ထို့နောက်ကုတင်ပေါ်တစ်ကိုယ်လုံးမရောက်ဘဲ မှောက်ယားထိုးပြီး အိပ်ပျော်နေသောကောင်လေးကို အသာပွေ့ချီ၍ သက်သက်သာသာအိပ်နိုင်အောင် ပြင်ပေးလိုက်သည်။

တစ်ညတာအတွက်တင်းထားသောစိတ်တို့ကို ထင့်နှုတ်ခါးပါးရဲရဲလေးကို ငုံထွေးလိုက်၊ပါးပြင်နုနုကိုနမ်းလိုက်၊နားလေးကို နှုတ်ခမ်းတို့နဲ့အသာဖိကိုက်လိုက်၊အင်္ကျီအောက်မှတစ်ခုတည်းသာစားဖူးသည့်ချယ်ရီသီးလေးကို အင်္ကျီအပြင်မှငုံထွေးလိုက်ဖြင့် ‌‌ဖြေလျှော့လိုက်ရသည်။

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now