104

6.8K 1.3K 67
                                    

Unicode

ရွှယ်ယို့ရှန်းက သူ့ရဲ့မျက်လုံးတွေကို အသာအယာ​ ဖွင့်ကြည့်လိုက်တယ်။ အိပ်ရေးမဝသလို မူးဝေနေတုန်းပဲ။

ဒါပေမဲ့လည်း စက္ကန့်ပိုင်းအတွင်း သူ့ရှေ့မှာ ရုတ်တရက် ပေါ်ထွက်လာခဲ့တဲ့ အဖြူရောင်မြေခွေးမျက်နှာကြောင့် ရွှယ်ယို့ရှန်းမှာ ပြည့်ပြည့်ဝဝ နိုးထသွားရတယ်။ အထူးသဖြင့် မြေခွေးရဲ့ မျက်ဝန်းတွေနဲ့ ရင်ဆိုင်မိတဲ့အချိန် ပိုပြီး တုန်လှုပ်သွားခဲ့ရတယ်။

“ခင်.. ခင်ဗျားက လူလား၊ သရဲလား..?”

တစ်ကိုယ်လုံး အနက်ရောင်ဝတ်ဆင်ထားတဲ့ မြေခွေးမျက်နှာဖုံးတပ် လူငယ်ကို ရွှယ်ယို့ရှန်းက သတိထားကာ စိုက်ကြည့်လိုက်တယ်။

သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အမြဲတမ်းဝတ်ဆင်နေကျ ရတနာအင်္ကျီရှိနေသေးတာ သေချာနေလို့သာပေါ့။ မဟုတ်ရင် စိတ်ကူးယဉ်ဝတ္ထုထဲကနေ တခြားရူးကြောင်ကြောင်ဝတ္ထုထဲကို ထပ်ပြီးကူးပြောင်းသွားသလားထင်မိမှာ..! ဘာလို့လဲဆိုတော့ မြေခွေးမျက်နှာဖုံးနဲ့လူက သရဲတစ်ကောင်လို အသံတိတ်ပေါ်ထွက်လာခဲ့လို့ပဲ.. အရမ်းထူးဆန်းလွန်းတယ်..!

“ဒီလက်အောက်ငယ်သားက လူသားစစ်စစ်ပါ..!”

ရွှယ်ယို့ရှန်းနိုးလာတာကို တွေ့လိုက်တာနဲ့ မြေခွေးက အနောက်ဆုတ်ပြီး ရိုရိုသေသေ ပြန်ဖြေလိုက်တယ်။ သူ့ရဲ့သခင်က ရွှယ်ယို့ရှန်းလို့ခေါ်တဲ့ ဒီမိစ္ဆာလေးကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ တွေ့ခဲ့ရတော့ မြေခွေးလည်း ရွှယ်ယို့ရှန်းရဲ့အရှေ့မှာ မထောင်လွှားရဲခဲ့ဘူး။

“လူလူချင်း ခြောက်လှန့်တာက သေစေနိုင်တယ်ဆိုတာ ခင်ဗျားသိရဲ့လား..?”

သိသာစွာပဲ ရွှယ်ယို့ရှန်းက တခြားလူတစ်ယောက်ကြောင့် ထိတ်လန့်သွားရတာကို မကျေမနပ်ဖြစ်နေခဲ့တယ်။ ဒီကမ္ဘာပေါ်ကလူတွေကို တခြားလူတွေကို လိုက်ပြီးခြောက်လှန့်တာက မကောင်းဘူးဆိုတာ သင်ကြားပေးမှဖြစ်မယ်။

“မသိဘူး..”

မြေခွေးက ပြန်ဖြေရင်း တွေဝေနေဟန်နဲ့ သူ့မျက်နှာပေါ်က မြေခွေးမျက်နှာဖုံးကို ကိုင်လိုက်မိတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now