Ch-11(Uni/Zg)

45.4K 3.3K 420
                                    

စည်းမျဉ်းတဖက်မှာထိုင်နေသူက ဟန်နရီရဲ့လှုပ်ရှားမှုအသေးစိတ်ကို အာရုံစိုက်ကာကြည့်နေလိုက်သည် ဟန်နရီအနောက်မှာ တန်းစီကာမတ်တပ်ရပ်နေတဲ့ နောက်လိုက်တွေကလဲ မလှုပ်မယှက် လက်နောက်ပစ်ကာ ရပ်နေကြသည် ထိုလူတွေအနက်မှ ခန္ဓာကိုယ်တောင့်တင်းကာ ရုပ်ဖြောင့်တဲ့လူတယောက်က ဟန်နရီဘေးမှာ မတ်တပ်ရပ်ကာ luggageတလုံးကိုဆွဲကိုင်ထားသည် အားလုံးထဲမှာမှ ထိုလူရဲ့ uniformက တခြားသူတွေထက်ပိုထူးခြားကာ ဟန်နရီနည်းတူ နဂါးရုပ်ပုံထိုးထွင်းထားတဲ့ Maskကိုတပ်ဆင်ထားတာကြောင့် ထိုလူက ဟန်နရီရဲ့ မြှောက်စားပေးခြင်းခံထားရသူဆိုတာ အသေအချာ...

" ငါတို့လိုချင်တဲ့ပစ္စည်းပါရဲ့လား ဗစ်တာ "

တဖက်လူရဲ့အမေးကို ပြန်မဖြေပဲ ဟန်နရီက သူ့ဘေးက Samကိုခေါင်းငြိမ့်ပြလိုက်သည် ဟန်နရီရဲ့ခွင့်ပြုချက်ရတာနဲ့ Samကသူ့လက်ထဲက luggageကို စည်းမျဥ်းအလယ်မှာသွားချထားလိုက်သည် တဖက်အဖွဲ့ကလဲ သူတို့ရဲ့ luggageကို စည်းမျဥ်းအလယ်မှာလာထားလိုက်သည် ဟန်နရီကတော့ တဖက်လူရဲ့ လှုပ်ရှားမှုကို အကဲခတ်နေလိုက်သည်

" ဥာဏ်များမယ်တော့မကြံနဲ့နော် ဗစ်တာ "

" ဥာဏ်များတာ မများတာကတော့ ခင်ဗျားရဲ့အပြုအမူနဲ့ပဲဆိုင်လိမ့်မယ်ထင်တယ် "

" မင်းဘက်က တပတ်နောက်ကျခဲ့တယ်နော် အဲ့အတွက်ဘယ်လိုပြန်ပေးဆပ်မှာလဲ "

" ခင်ဗျားလိုချင်တဲ့ပစ္စည်းတွေကို ကျုပ်ရအောင်ယူလာခဲ့ပေးပီးပီပဲလေ ဘာကိစ္စကျုပ်က ပြန်ပေးဆပ်ရမှာလဲ "

" ငါကြားရသလောက်တော့ ကောင်လေးတယောက်အတွက်နဲ့ မင်းကဒီလောက်အရေးကြီးတဲ့ကိစ္စကို ရက်ရွှေ့ခဲ့တယ်ဆိုလားပဲ "

" $ အဓိပ္ပာယ်မရှိတဲ့စကားတွေ ကျုပ်ရှေ့မှာလာမပြောနဲ့ "

" အဲ့ကောင်လေးကို ဘာလို့ဒီလောက်အထိမခံဖြစ်နေရတာလဲ
ကြားရတဲ့သတင်းတွေအရတော့ မင်းကသူနဲ့လက်ထပ်ထားတယ်ဆိုပဲ "

" ခင်ဗျားကိုကြည့်ရတာ ကျုပ်ကိစ္စတွေကိုအရမ်းစိတ်၀င်စားနေတဲ့ပုံပဲ ခင်ဗျားပစ္စည်းမယူချင်တော့ဘူးဆိုရင်လဲ ဒီကနေလှည့်ထွက်သွားတာ ပိုကောင်းလိမ့်မယ် "

HANARY(S1+S2) Where stories live. Discover now