Chapter 99

26.4K 4K 298
                                    

Unicode

ချီချီ အငယ်လေးလိုချင်လား
__________________________________

ညရောက်တော့ ကျန်းမော့ချန်က အန်တီကျန့်အား ညစာကို ငါးချဥ်စပ်ပေါင်းထည့်ချက်ပေးဖို့ အထူးမှာကြားထားသည်။ ချီချီက ဒီဟင်းတစ်မျိုးတည်းကိုပဲ နေ့တိုင်းနီးပါး တွေ့နေရတာကြောင့် နည်းနည်းလေးအံ့သြသွားကာ စပ်စုသလိုလေးမေးလာသည်။

''သားတို့ဒါပဲထပ်စားကြမှာလား ''

ကျန်းမော့ချန်က ကလေးခေါင်းလေးပွတ်ရင်း

''ချီချီက အဲ့ဒါမစားလည်းရတယ် တခြားဟင်းတွေစား ''

သူကပြောရင်း ကလေးပန်းကန်လုံးထဲ ဝက်နံရိုးချိုချဥ်တွေကောက်ထည့်ပေးနေသည်။

ချီချီကလည်း ဝက်နံရိုးလေးကို ကိုက်ရင်း ထပ်မေးလာပြန်သည်။

''ချီချီမစားရင် ဘယ်သူစားမှာလဲ ''

ထိုအမေးထွက်လာတာနဲ့ ယန်းချင်းချီရဲ့အကြည့်တွေက ကျန်းမော့ချန်ဆီ ဒိုင်းခနဲရောက်သွားသည်။

ကျန်းမော့ချန်ကလည်း သူ့ပန်းကန်လုံးထဲ ငါးတစ်ဖက်ကို ချက်ချင်းကောက်ထည့်လိုက်ကာ

''ဒယ်ဒီစားမှာ ဒယ်ဒီကဒီဟင်းကိုသိပ်ကြိုက်တာ ''

ထိုအခါမှ ချီချီက ခေါင်းလေးငြိမ့်ကာ ''သြော'' ဟုအသံပြုလာသည်။

ညစာစားအပြီးမှာတော့ ချီချီ အရုပ်ဆက်နေတာကို ယန်းချင်းချီဘေးကနေ ထိုင်ကြည့်နေသည်။ အရုပ်ဆက်သည့်ဘုတ်ပြားကြီးကအရမ်းကြီးတာကြောင့် တစ်ခန်းလုံး ပဟေဠိအပိုင်းအစတွေကပြန့်ကြဲနေကာ သားအဖနှစ်ယောက် ပြတင်းပေါက်ဘေးထိုင်ရင်း ခေါင်းစားနေကြသည်။ စကားပြောလိုက် အရုပ်ဆက်လိုက်လုပ်နေကြရင်း ယန်းချင်းချီရုတ်တရက်ကြီး ထမေးလာသည်။

''ချီချီတစ်ယောက်ထဲဆော့ရင် အထီးကျန်တယ်လို့မခံစားရဘူးလား ''

ချီချီကခေါင်းခါလိုက်ကာ '' မခံစားရပါဘူး ပါးပါးနဲ့ဒယ်ဒီရှိတယ်လေ ''

''ဒါဆို ပါးပါးနဲ့ဒယ်ဒီအလုပ်သွားတုန်း အန်တီကျန့်နဲ့နှစ်ယောက်ထဲကျန်ခဲ့ရင်ရော? ကိုယ့်ဘာသာကိုယ် တစ်ယောက်ထဲဆော့ရတာ မပျင်းဘူးလား ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now