အခန်း (46.1)

4.1K 713 19
                                    

" အခုချိန်ကစပြီး ကျွန်တော့်ကို သဘောမကျနဲ့တော့...."

ရှဲ့ဟယ်က ရုတ်တရက် တည်ငြိမ်သွားပြီး...

"ကျွန်တော့်ဘက်က ခင်ဗျားကို ပြန်သဘောမကျလာနိုင်တဲ့အတွက် အချိန်ဖြုန်းမနေနဲ့တော့..."

ဒီလိုရက်စက်ကြမ်းတမ်းလှတဲ့ အခြေနေတစ်ခုကြောင့်သာ နင်းချီရဲ့ ရှားပါးအဖိုးတန်လှတဲ့ ​ချစ်ခြင်းမေတ္တာတရားကို နားလည်သဘောပေါက်လာနိူင်ခဲ့တယ်..ဒါ့ကြောင့်တန်ဖိုးထားရမယ်လေ....

နင်းချီလိုချင်တဲ့အရာကို သူ့ဘက်က မပေးစွမ်းနိုင်ရင် နင်းချီကို မနစ်မွန်းအောင် လုပ်ဆောင်ပေးခြင်းသည်သာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်....အမှောင်ထုအလယ်က နွေးထွေးမှုလေးကို ရှဲ့ဟယ် နည်းနည်းမျှ မစွန့်လွှတ်ချင်ခဲ့ပါ.....

နင်းချီက ကောင်လေးရဲ့ ဆံနွယ်လေးတွေကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်ပြီး...

"ကိုယ်မင်းကို သဘောကျတယ်...ဒါကို ဖြုန်းတီးတယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး..."

ဒီလိုနူးညံ့တဲ့စကားလုံးတွေက ကောင်လေး ခက်ခက်ခဲခဲ တည်ဆောက်ထားရတဲ့ တံတိုင်းတွေကို နောက်တစ်ကြိမ် ရိုက်ခတ်ဖြိုဖျက်နေပြန်ပါပြီ....ကောင်လေးရဲ့ မျက်ဝန်းတွေထဲမှာ နာကျင်မှုတွေ ပေါ်ထွက် လာပြီး သွေးရူးသွေးတန်းအော်ဟစ်နေတယ်...

"အချိန်တွေဖြန်းနေတာလို့ ကျွန်တော်ပြောနေတယ်လေ...ကျွန်တော့်စကားကို နားမထောင်ဘူးလား....ခင်ဗျားကို ဘယ်တော့မှ သဘောကျလာမှမဟုတ်ဘူး...!!!!"

"အဲ့လူက မင်း ဘယ်သူ့ကိုမှ သဘောမကျအောင်ဖိအားပေးနှိပ်စက်နေလို့မလား..."

"ခင်ဗျား.. ဘယ်လို...."

နင်းချီဘယ်လိုလုပ်ပြီး သိသွားလဲ နားမလည်နိူင်တာကြောင့် ကောင်လေးက ကြောက်လန့်တကြား မော့ကြည့်နေတယ်....

နင်းချီက သူ့ကို လေးလေးနက်နက် စိုက်ကြည့်ပြီး တစ်ခွန်းချင်းစီ ထုတ်မေးလိုက်တယ်...

" အဲ့လူက တန့်ကျင်းဝမ်း မဟုတ်လား..."

ရှဲ့ဟယ်ရဲ့ မျက်နှာက အရောင်ဆင်းကင်းမဲ့သွားပြီး တစ်ကိုယ်လုံး တုန်ရီလာတယ်....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now