စာစဉ် ၇၂ (၁-၆)
2.1K 300 6
Book.              :  72
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၂၊ အခန်း ၁။ ငါ့ညီမလေး ရှင်းလိမ့်မယ်
“၀မ်ဝမ် … ပင်ပန်းသွားရပြီ …”
ရီရှောင်ထင်း၏မျက်ဝန်းအိမ်ထဲ မျက်ရည်တို့ ဝေ့သီလာရ၏ ။
“ဖေဖေကလဲ သမီးတို့က မိသားစုတွေပဲဟာ
ဘာလို့ ဒီလိုစကားမျိုး ပြောနေတာလဲ”
ရီဝမ်ဝမ်သည် သူမအဖေအား ပွေ့ ဖက်လိုက်၏ ။
သူတို့သည် သူမ၏မိဘအရင်း ဟုတ်ချင်မှဟုတ်ပေလိမ့်မည် ။ သို့သော် .. ရီရှောင်ထင်းသည် တန်ဖိုးအရှိဆုံးသာ ဖခင်မေတ္တာတို့ကို သူမအား ပေးခဲ့ဖူးလေသည် ။
ရီမူဖန်မှာ စိတ်လှုပ်ရှားပျော်ရွှင်လွန်းစွာဖြင့် ရီဝမ်ဝမ်နံဘေးတွင် ခုန်ပေါက်နေလေရင်း …
“ငါလခွမ်း .. ၀မ်ဝမ် ညီမလေးက အရမ်းအရမ်း မိုက်လိုက်တာ ။ ငါတို့က တစ်မိဘထဲက မွေးလာပြီးတော့ ဒါတော့ မတရားဘူး ။ ၀မ်ဝမ် .. ညီမလေး သန္ဓေများ ပြောင်းသွားတာလား”
ရီဝမ်ဝမ်သည် သူ့ အား မျက်လုံးလှန်ကြည့်လိုက်၏ ။
“ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့ ။
မြန်မြန်သွား အိမ်ပြန်ပြီး ရေချိုးလိုက်”
လျန်ဝမ်ကျွင်းသည် ခေါင်းချက်ချင်း ညိတ်လာသည် ။
“ဟုတ်သားပဲ .. ကံဆိုးလာဘ်ဆိုးတွေကို ရေချိုးပစ်ပြီး မောင်းထုတ်ပစ်ရမယ်”
စတားအင်တာတိန်းမန့်၏ နှစ်ပတ်လည်အခမ်းအနားပွဲ ပြီးဆုံးသွားပြီးနောက်တွင် ရီဝမ်ဝမ်၏ဖုန်းမှာ တောက်လျှောက်ဝင်နေပြီး မဆုံးနိုင်သော ဖိတ်ကြားလွှာတွေ တသီတတန်းကြီး လာပို့ထားကြလေသည် ။
သို့သော်လည်း သူမသည် ထိုဖိတ်ကြားလွှာအားလုံးကို ငြင်းပစ်လိုက်ပြီး အိမ်မှာနေကာ မိဘနှစ်ပါးအား အဖော်ပြုပေးနေလိုက်၏ ။
ထို့နောက်တွင် သူမနှင့် ရီမူဖန်တို့သည် ဟန်ရှန်းယွီ ၊ လျိုချန်း ၊ ကုန်ရွှီ ၊ ကျန်းယန်ရန်နှင့် ဖေးယန်တို့အပြင် ခုနစ်စင်ကြယ် ၊ ကြယ်ခုနစ်နှင့် အတင်းလာမည်လုပ်နေသော ဖူမင်းရှီကိုပါ ညစာဖိတ်ကျွေးလိုက်၏ ။