စာစဉ် ၇၂ (၇-၁၂)
2.1K 297 15
Book.              :  72
Chapter.          :  7 - 12
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၂၊ အခန်း ၇။ ဒီလိုဖြစ်လာမယ်ဆိုတာ သိနေတယ်
“အစ်ကို ၉ ဒီဗွီဒီယိုကို မြန်မြန်လေး လာကြည့် ။ ဟိုရုပ်ဆိုးမက ..”
စီရီဟန်သည် သူ့ ဆီ ယူလာပေးသည့် လက်ပ်တော့ကို ကြည့်ရမည့်အစား လင်းချွေ့ ဘက်ကို လှည့်ကြည့်လာသည် ။
တမုဟုတ်ချင်းပင် လင်းချွေ့ ၏နောက်ကျော ချမ်းစိမ့်သွားရပြီး
သူ တံတွေးမြိုချလိုက်မိ၏ ။
“မှားပါတယ် မှားသွားပါတယ် … အပြော မတတ်တာပါ ။
ကျွန်တော် အပြောမတတ်တာ .. ။
အစ်မ ၉ .. အစ်မ ၉ လို့ ပြောတာ”
အခုချိန်တွင် ရီဝမ်ဝမ် ဘယ်လောက်ပဲ ချောမောလှပနေပါစေ ဟိုးအရင်က ပေတရာထူအောင် ဆိုးလွန်းသော ရုပ်ကြီးသည်သာ လင်းချွေ့ ၏နှလုံးအိမ်ထဲ စွဲစွဲမြဲမြဲ ၀င်ထားပြီးလေပြီ ။
လင်းချွေ့ က အခေါ်အဝေါ်ကို ပြောင်းလိုက်တော့မှသာ စီရီဟန်သည် လက်ပ်တော့ကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်၏ ။
လင်းချွေ့  ချက်ချင်းပင် ဗွီဒီယိုကို အစကနေ ပြန်ဖွင့်ပေးလိုက်၏ ။
ဗွီဒီယိုသည်ကား အင်တာဗျူးတစ်ခု ။ လူတွေဝိုင်းအုံနေသည့်ထိုမိန်းကလေးကို အကြည့်တစ်ချက်ထဲနဲ့တင် စီရီဟန် မှတ်မိလိုက်၏ ။
သတင်းထောက်များသည် ဂူရွဲ့ ကျီနှင့် သူမကြားက ဆက်ဆံရေးတို့ .. ဂူရွဲ့ ကျီနဲ့ ပြန်တွဲကြတော့မှာလားတို့ စသည့် မေးခွန်းတို့ကို
ရီဝမ်ဝမ်ကို တောက်လျှောက် မေးမြန်း နေကြသည် ။
“ကျွန်မအကြိုက်က အဲ့လောက်မဆိုးဘူး”
မေးခွန်းများအကြားက ရီဝမ်ဝမ်၏အသံက တိုးထွက်လာသည် ။
သတင်းထောက်များက မေးခွန်းတစ်ခုပြီးတစ်ခု မေးနေကြသလို အနှီမိန်းကလေးသည်လည်း ဆက်ဖြေပေး နေသည် ။
“ဟိုအရင်တုန်းက ကျွန်မအကြိုက်က .. အင်း .. တော်တော်လေး ဆန်းကြယ်ခဲ့တာပဲ ဖြစ်မယ် ။ ဒါပေမယ့် အခုတော့ ကျွန်မမှာ ရည်းစားရှိနေပြီ ။ ဒါကြောင့်မို့ ကျွန်မရဲ့ မီဒီယာမိတ်ဆွေတွေအားလုံး မဟုတ်တဲ့ကောလဟလတွေကို မယုံကြည်ကြဖို့ တောင်းဆိုပါရစေ”