🍒ဦးကိုချစ်တဲ့ကောင်လေး 🍒
🍒part 11 🍒__________________________________
၁ လ ခန့်ကြာသောအခါဇော်ရိန်ဆိုင်း နှင့်ပြုံးသာချိုတို့သည် ပိုပြီးပျော်ရွှင်နေကြ၏ ။
ဦးသျှားထက်စံကတော့ အကြောင်းတစ်ခုကြောင့် ပြင်သစ်သို့ရောက်နေလေ၏ ။
ထို့အတွက် ဇော်ရိန်ဆိုင်းသည် ကလေးအတွက် ပိုပြီးစိတ်ချရသလားဟု မေးလျှင်တော့ အဖြေက ' No ' ပါဟု ဖြေရပါလိမ့်မည် ။ ့" Boss ဟိုလေ ရွာက ဦးလေး တို့ကလေ အပြုံးရဲ့အခြေအနေ သိချင်နေပါတယ် အဲ့ဒါ "
" အဆင်မပြေသေးဘူး လို့ပြောလိုက် "
ခပ်ပြတ်ပြတ်ထွက်လာသော Boss ၏ စကားကြောင့် ရန်လင်းအထွန့်တက်ခြင်းမရှိပေ ။
" ဦးရေ ဦးလို့ "
အပြုံးတစ်ယောက်ခြံဖဲမှာ ခေါ်နေမိသည် ။ ဒီနေ့ အပြုံးကို အဝတ်အစားတွေ ဝယ်ပေးမယ်တဲ့လေ ။
အခုကြည့်ဘယ်ပျောက်နေသလဲ တောင် မသိဘူး ။
နေပါစေဦး ။ တွေ့မှ စိတ်ကိုကောက်ပစ်လိုက်ဦးမယ် ။အပြုံးသည် အိမ်ထဲရှိ ဦးရှိသည့်အလုပ်ခန်းသို့ ဝင်လာခဲ့လိုက်သည် ။
တစ်ခါတစ်လေ အပြုံးစဥ်းစားမိပါသည် ။ ဦးက သူ့ရဲ့အတိတ်ကိုပြန်သတိရသွားအြီလဟူ၍ပင် ။ဦးသတိရလဲ ကောင်းပါသည် ။
" ဦး ရေ "
" ဗျာ "
အပြုံးဘယ်ချိန် ဘယ်နေရာမှာပဲ ' ဦး ' ဟု နှုတ်က ဟလိုက်သည့်နှင့် ' ဗျာ ' ဆိုသည့်ဦးရဲ့အသံလေးကို အပြုံးကြားရစမြဲ ။
" အပြုံးကို အင်္ကျီဝယ်ပေးမယ် ဆို "
" အာ ကြည့်စမ်း ဦးမေ့နေတာ "
တကယ်တော့ ဇော်ရိန်ဆိုင်း မမေ့ပေ ။ ကလေးကို တမင်စချင်သောကြောက့်သာ ယခုလိုပြောခြင်းဖြစ်၏ ။
" ဦးက အခု မေ့နေပြီပေါ့ ။ မှန်မှန်ပြော ဦး ။ ဦး ရည်းစားတွေများရနေပြီလား "
ငိုမဲ့မဲ့နှင့်ပြောလာသော ချစ်ရသောကလေးကြောက့် ဒီက လူကပဲ အလျော့ပေးပြီး ချစ်မဝ ဖြစ်ခဲ့ရသည် ။
" ရွှေစိတ်တော်တော့ မညိုးလိုက်ပါနဲ့ကွာ ။ ဦးက စတာပါ ကဲ လာ သွားကြမယ် အဝတ်သွားလဲ "