အပိုင်း ၆၂

2.6K 81 2
                                    

(unicode)

ကိုယ်ဝန် ၃၈ ပတ်ကျော်လာပြီးဖြစ်၍ ဒေါင်းမာန်စိုးရိမ်မှုတို့ အရှိန်ပိုမြင့်တတ်နေပေသည်။ ကလေးငယ်၏မွေးဖွားမှုအတွက် ပါရဂူဒေါက်တာများအား  သေချာရှာဖွေစုထားသည်။ အချိန်မလိုရ အောင်လည်း အသင့်ပြင်ဆင်မှုတို့ရှိအောင် ငွေ ကြေးများစွာပိုပေးပြီး အရမ်းတော်သူများကိုသာ အရန်သင့် ထားစေခဲ့သည်။

ကိုယ်ဝန် ၄၀ ပတ်အတွင်း ကလေးကို မွေးဖွားရန်သတ်မှတ်ထားပေသည်။ ( Ultrasound )အာထရာဆောင်းရိုက်ထားသော်လည်း ကလေးငယ်မှစိတ်ပြောင်း၍  သားသား၊ မီးမီး မသိချင်သေးဟုဆိုလာခဲ့၍ ဒေါင်းမာန်သည်လည်း အာထရာဆောင်းအဖြေကို မကြည်ဖြစ်တော့။ ဒေါင်းမာန် ကလေးငယ်၏ဗိုက်ထဲမှ ကလေးကို ကျန်းကျန်း မာမာနှင့်မွေးဖွားနိုင်ရန် မျှော်လင့်စိတ်ပူမိသည်။ သို့သော်မူ ကိုယ်ဝန်လွယ်ထားရသူ ကလေးငယ်ကိုမူ ပို၍ပူ၏။

" လူကြီး ဒါ ဒါ "

ခေါ်သံနှင့်အတူ ကုတင်ဘေးအပြေးလေးရောက် လာသူအားကြည်လိုက်လျှင် အလိုမကျစရာကို တွေ့လိုက်ရပေသည်။

" ဘယ်လို့တွေ ဝတ်ထားတာလဲ၊ ကိုယ်ကိုပြော ! ဘယ်သူဝတ်ဖို့ ပြောတာလဲ "

" ဘာမဖြစ်ပါဘူး လူကြီးရယ်၊ လွတ်တောင်လွတ် လပ်သေး "

ကိုယ့်ထက်မှဂါဝန်မမည်သော ပုံမှန်ရှပ်အင်္ကျီတို့ထက်ပိုရှည်နေသော တစ်ထောင့်ထိုးအထည်ဆင်ကို ပြန်ငုံ့ကြည့်လျက် ပြောလာလေသည်။

" မဝတ်နဲ့ ကလေးငယ်၊ ဝတ်ချင်ရင် ကိုယ့်အင်္ကျီတွေပဲ ယူဝတ်နော်၊ အပြင်အင်္ကျီတွေက ကိုယ့်က လေးငယ့်ရဲ့အသားနုနုလေးကို ပွန်းစေလိုက်မယ် "

" အွန်းပါ။ မဝတ်တော့ဘူး "

" ကလေးငယ် ! ! ခုပြန်ဝတ်ထား ! "

မဝတ်တော့ဘူးဆိုလျက် ထိုအင်္ကျီကို အတိုင်း သားချွတ်ပုံချလိုက်သောကြောင့် ပေါ်လာသော ဗိုက်ပူပူနှင့်ကိုယ်လုံးလေးတို့ကို အထင်သားမြင်လိုက်ရပေသည်။ အလျင်အမြန်လှမ်းတားလိုက်သော်လည်း ဒေါင်းမာန်၏တားမြစ်မှုမှာ နောက် ကျသွားချေပြီးဖြစ်၍ ကလေးငယ့်ကိုယ်လေးမှာ  ဗလာနတ္ထိ။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now