Ch-12(Uni/Zg)

45.4K 3.2K 284
                                    

ဟီရိုက ဟန်နရီအနားကပ်လာကာ ဟန်နရီနှုတ်ခမ်းပေါ်က သွေးစကို သုတ်ပီး သူထိုးထားတဲ့နှုတ်ခမ်းနေရာကို ဖိချထားသည် ဟန်နရီလက်သီးကိုဆုပ်ကာ တောင့်ခံထားသည် ဟီရိုက သူ့အားနဲ့ပိုပီးဖိထားတော့ ဟန်နရီမျက်နှာရှုံ့လာသည်

" တောင့်ခံ!!! "

ဟီရိုရဲ့အမိန့်ကြောင့် ဟန်နရီအံကိုကြိတ်ကာ တောင့်ခံထားသည် ဟန်နရီနှုတ်ခမ်းကို ဟီရိုကတအားဖိချထားတာကြောင့် ဟန်နရီမျက်ရည်၀ဲတတ်လာသည် သို့ပေမဲ့ တုန့်တုန့်မျှမလှုပ် တောင့်ခံထားဆဲပင် သူစိတ်တိုင်းကျတဲ့အချိန်မှ ဟန်နရီကို လွှတ်ပေးလိုက်သည် ဟီရိုက ဟန်နရီထက်သွေးအေးကာ ပိုရက်စက်သူပင်

"လက်နက်တွေကော "

" swiss ကိုတင်ပေးလိုက်ပီ မပြောမဆိုနဲ့ဘာလို့ရောက်လာတာလဲ "

" ကိုယ့်မြေးကို လွမ်းလို့လာတာလေ မလာရဘူးလား "

" ဟီရိုဒီကိုလာတာ အကြောင်းပြချက်ရှိမယ်ဆိုတာ ကျတော်သိပီးသား "

ဟန်နရီက သူ့နှုတ်ခမ်းကို အ၀တ်တခုနဲ့ဖိထားပီး ဆိုဖာပေါ်ခြေချိတ်ကာထိုင်ချလိုက်သည်

ဟန်နရီက သူ့နှုတ်ခမ်းကို အ၀တ်တခုနဲ့ဖိထားပီး ဆိုဖာပေါ်ခြေချိတ်ကာထိုင်ချလိုက်သည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" မနက်ဖန်ဂိုဏ်းပေါင်းချုပ်တွေ့ဆုံပွဲရှိတယ်လေ အဲ့အတွက်အဆင်သင့်ပြင်ထား ဟန်နရီ "

" မနက်ဖန် အစည်းအ၀ေးပီးတာနဲ့ swissကိုတန်းပြန်မှာမှတ်လား "

" ဘာလို့ပြန်စေချင်နေတာလဲ "

" သဘက်ခါဆိုလွန်းပြန်ရောက်တော့မှာ ဟီရိုနဲ့မတွေ့စေချင်ဘူး "

" အချစ်မှာ မကျဆုံးစေနဲ့ဟန်နရီ အထူးသဖြင့်အဲ့ကောင်လေးဆီမှာပေါ့ "

" ကျတော်ဒီလောက်ထိ ဟီရိုခိုင်းသမျှလုပ်ပေးနေတာတောင် ဘာကိုမကျေနပ်နိုင်သေးတာလဲ ဒယ်ဒီတုန်းကပျော့ညံ့နေခဲ့လို့ ကျတော့်ကို ဟီရိုစိတ်တိုင်းကျ ပုံသွင်းခဲ့တာမှတ်လား "

HANARY(S1+S2) Where stories live. Discover now