41

13.6K 967 113
                                    

အပြာရောင်ကောင်းကင်ယံမှ မဟူရာရောင် ပြောင်းလဲလာသည်အထိ မှိတ်ကျနေတဲ့ မျက်ခွံတွေက လှုပ်ခတ်လာမှု မရှိသေးဘူး ။

ရိုင်နာ ငြိမ်သက်စွာ ငုတ်တုတ်ထိုင်နေပေမဲ့ သူ့စိတ်တွေကတော့ ငြိမ်သက်မှုဘယ်ရှိနိုင်ပါ့မလဲ ။ သူ့နှလုံးသားနဲ့ ၀မ်းဗိုက်နေရာကို သိန်းဌက်တစ်ကောင်က လက်သည်းရှည်တွေနဲ့ အသားတလွှာချင်းစီ ဆွဲဖြဲပစ်နေသလိုပဲ ။

သူ တကယ်ရင်ခုန်ခဲ့ရတာ ၊ သူ တကယ် ရူးသွပ်ခဲ့ရတာ ၊ သူ တကယ် ချစ်ခဲ့ရတာ ။

ဒီကောင်လေးကို ဘယ်လောက်တောင် ချစ်မိသွားသလဲ သူ့ကိုယ်သူတောင် သတိမထားမိခဲ့ဘူး ။ သူ သတိထားမိတဲ့အချိန်တွေဆို သူ က ဒီကောင်လေး အောက်ကို ရောက်နှင့်သွားခဲ့ပြီ ။ ဒီကောင်လေး နာမည်ကို အရှက်မရှိ ခေါ်ငြီးနေမိပြီ ။

ဘယ်လောက်တောင် ရှက်ဖို့်ကောင်းလိုက်သလဲ ။ ကိုယ့်အပေါ် ဟန်ဆောင်နေတဲ့ လူအတွက် ဘယ်နှစ်ကြိမ်တောင် ပေါင်ကားပေးခဲ့မိသလဲ ။မရေမတွက်နိုင်လောက်တဲ့အထိပဲ ။ မနေ့လေးတင်တောင် ခက်ထန် မရှိတုန်း သူတို့နှစ်ယောက်တည်း ကျန်ခဲ့တဲ့ ကားကြီးက dancing ကားကြီး ဖြစ်သွားခဲ့သေးတာ ။

သူလိုလူက ထူးထူးဆန်းဆန်းပဲ မျက်ရည်တွေ ကျနေခဲ့တယ် ။ ပြီးတော့ သူ့ ရင်ခေါင်းကို တစ်ယောက်ယောက်က ကြိုးတစနဲ့ အညှာအတာမဲ့စွာ ချည်ပစ်နေတဲ့အတိုင်းပဲ ။ သူ့လည်ပင်းကို တစ်ယောက်ယောက်က အနောက်က ညှစ်ထားတဲ့အတိုင်းပဲ ။ အသက်ရှုဖို့ ခက်ခဲနေသလို တံတွေးတချက်မြိုချဖို့လည်း အလွန်တရာ ခက်ခဲလွန်းတယ် ။ သူ ဒီလို တခါမှ မခံစားဖူးဘူး ။

" နာ နာ "

အသံတိုးတိုးလေးက သူ့နားထဲ ရောက်လာပုံက သံရည်ပူလောင်းချလိုက်သလိုပဲ ။ မျက်နှာတစ်ခုလုံးကို လက်ဖြင့် အုပ်ထားရင်းမှ မော့ကြည့်လိုက်သည် ။

" နိုးလာပြီလား?  ငါတို့ စကားပြောသင့်တယ် ၊ ဟုတ်တယ်မလား? "

ကုတင်ပေါ်မှာ ငုတ်တုတ်ကလေး ခြေထောက်ဆင်းထိုင်နေသူက နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လို့...  ။

လက်နှစ်ဖက်လုံးကလည်း အငြိမ်မနေစွာ သူ့ခန္ဓာကိုယ်ပေါ်က စောင်ကို ဆွဲကိုင်လို့ထားတယ်။

You are my husband (Season 1)Completed  Where stories live. Discover now