Extra(2)

2K 126 14
                                    

#Uni

"မိချီ ငါလာပြီ ''

ပြောနေတုန်း အိမ်ထဲကို ရွှေစင်နှင့်ကိုမိုးယံတို့ဝင်လာတာကြောင့်။

"ဟယ်...ချစ်တို့လာလည်တာလား ''

"အေး...ခန့်က နင်စိတ်ကောက်နေတာ လာချော့ပေးပါဆိုလို့ ''

"သောက်ကလေး...ငါ့ချစ်က မပေါ့မပါးကြီးနဲ့ကို ''

"အပိုလုပ်မနေနဲ့ ၆လကျော်ကျော်ပဲရှိသေးတာကိုဟာ ''

ချစ်အနားသွားပြီး ကူတွဲပေးမလို့ပါဆို။ ချစ်ကလူကိုမျက်စောင်းထိုးပြီး အပိုလုပ်တယ်လို့ပြောလာပေမဲ့ သေသေချာချာဆိုဖာပေါ်ထိုင်ခိုင်းလိုက်ရင်း ဗိုက်လေးကိုပွတ်ပေးနေတုန်း။

"ယောက်ဖ​လေးသနားပါတယ် ချီလေးရယ် ''

"ချီကပိုသနားစရာ ကောင်းတာပါနော် ''

ကလေးဘက်ကဝင်ပြောပေးတဲ့ ကိုမိုးယံကိုရန်တွေ့လိုက်တော့ ချစ်ကခေါင်းကိုလာခေါက်ပြီး

"သူများအိမ်လာနေပြီး ရန်တွေပဲ ခဏခဏဖြစ်နေရလား...ဆရာလေချိုသွေးတို့ကိုအားနာစရာကြီး ''

ချစ်ကပြောလိုက်တော့ ကိုယ့်အနားကခုံမှာထိုင်နေတဲ့ဆရာကနေ

"မဟုတ်တာဗျာ...ချာတိတ်တို့ရှိတော့အပျင်းတောင်ပြေပါသေးတယ်...ဟုတ်တယ်မလား ငမိုး ''

"အာ...ဟုတ် ဟုတ်ကဲ့ အနေရမခက်ပါဘူးဗျ ''

"ငမိုး ဘာလုပ်နေတာလဲ သွားချက်ကြမယ်လေ...မရွှေစင်တိုအေးဆေးနေနော် ကျွန်တော်တို့ တစ်ခုခုစားဖို့ သွားလုပ်လိုက်အုံးမယ် ''

"အို... ရပါတယ် ဆရာလေချိုသွေးရယ် အလုပ်ပိုပေးမိသလိုဖြစ်နေပါပြီ ''

"ရပါတယ် ချစ်ကလဲ...ကိုမိုးတိမ်က အချက်အပြုတ်ဆရာကြီးနော် ''

"ဒါဆိုချာတိတ်နဲ့ စကားခဏပြောနေအုံးနော် ''

ပြောပြီး ဆရာကကိုမိုးတိမ်ကိုလက်ဆွဲရင်း မီးဖိုခန်းထဲဝင်သွားပြီ။ ကိုမိုးယံကလည်း

"ဒါဆို ယောက်ဖလေးကိုသွားကြည့်အုံးမယ် ''

ကိုမိုးယံလဲထွက်သွားရော။ ချစ်ကလူကိုလှည့်ကြည့်လာပြီး

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now