Chapter(51-2) - ကိစ္စအသစ်

3.8K 773 22
                                    

Unicode

အခန်း(၅၁-၂) - ကိစ္စအသစ်

ယွီယွမ်က ကိစ္စများကို သူ့အကိုများနဲ့ အကြမ်းဖြင်း တိုင်ပင်ဆွေးနွေးလိုက်သည်။ ဒီပြဿနာကို သူတို့ဘာသာ မဖြေရှင်းနိုင်ဘူးဟု ခံစားရသည်လေ။ ထို့ကြောင့် အကြီးအကဲများ ဖြေရှင်းပေးနိုင်ရန် ချင်းယွင်ဂိုဏ်းထံသို့ လူနှစ်ယောက်ပို့ရန် ဆုံးဖြတ်လိုက်သည်။

လူငယ်များသည် အမှန်တရားကို သိလိုစိတ်ပြင်းပြပြီး လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း လုံ့လစိုက်ထုတ်ကာ ခရီးထွက်ခဲ့ကြသည်။ ရှန်ကျစ်ရှန်းက လင်းလက်လှသည့် စိတ်နေသဘောထားဖြင့် သူတို့နောက်က လိုက်ပါသွားသော်လည်း စိတ်ထဲမှာတော့ တစ်ခြားအတွေးများကို တိတ်တဆိတ် တွေးတောနေတာပင်။

ဒီနေ့မှာ, ညတာရောက်လို့ လူတိုင်းအနားယူရန် ရပ်တန့်လိုက်ကြရသည်။ သို့ပေမယ့် ထိုနေရာတွင် ရွာလည်းမရှိ၊ မြို့လည်း မရှိသလို သူတို့အနားယူလို့ရနိုင်မယ့် အမိုးအကာလည်း အနီးအနားမှာ ရှိမနေ။ ရွေးချယ်စရာ မရှိစွာပင် တော်ထဲမှာသာ အနားယူလိုက်ကြရသည်။

သေချာပေါက် သူတို့မှာ သူတို့ကိုယ်ပိုင် ညစာရှိတာပေါ့။လူငယ်များ ရိက္ခာခြောက်များကို စားသုံးကြပြီး ရန်ကျင်းကတော့ ဖြတ်သွားသည့် ယုန်တစ်ကောင်ကို ဖမ်းကာ တိတ်တဆိတ် ကင်လိုက်ပြီး အဆူဖြိုးဆုံးအပိုင်းကို ရှန်ကျစ်ရှန်းကို ပေးစားစေသည်။

လူငယ်များက သူတို့နဲ့ သိပ်မဝေးတာကြောင့် အရသာရှိတဲ့ မွှေးရနံ့ကို ရရှိနိုင်ကြသည်။ သူတို့က စကားပြောနေတာကို ရပ်တန့်လိုက်ကြပြီး ရန်ကျင်းတို့အား ခေါင်းလှည့်ကြည့်မိခြင်းကို မတားဆီးနိုင်လိုက်ကြ။

သို့သော်ငြား ရှန်ကျစ်ရှန်းက သူတို့ကို လစ်လျူရှုထားသည်လေ။ သူနဲ့ရန်ကျင်းတို့က ယုန်လေးကို စားသောက်နေရင်း တိုးတိတ်စွာ ပြောလိုက်သည်။

"အလျင်စလို မပြန်ရအောင်, စုန့်မင်းကို ခေါင်းကိုက်အောင် လုပ်ထားလိုက်မယ်, ငါတို့က ငါတို့ဘာသာ အဖြေရှာရမယ်လေ"

အပေါ်ယံမှာတော့ စုန့်မင်းက ကောင်းမွန်တဲ့ ဂိုဏ်းချုပ်တစ်ယောက်အသွင် ပေါ်သော်လည်း သူ့စိတ်ထဲမှာတော့ ထိုလူကသူတို့အပေါ် မကောင်းပေ။ အခုချိန်ထိ ရှန်ကျစ်ရှန်း အဖြေရှာမရသေးတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ အများကြီးရှိသေးသည်။ ထိုသူ့အပေါ်မှာ သူအပြည့်အဝ မှီခိုလို့ မဖြစ်နိုင်ဘူး။ ဒီကိစ္စကို အခွင့်ကောင်းယူမလား ဘယ်သူသိနိုင်မှာလဲ? ဒါမှမဟုတ်, ဒါက လှည့်ကွက်တို့ဘာတို့ ဖြစ်နေရင်ရော?

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now