Ch-13(Uni/Zg)

45.7K 3.1K 367
                                    

" ဟီရိုကို သေချာလိုက်ပို့လိုက်ရဲ့လား "

" ဟုတ်ကဲ့ Boss လေယျာဥ်ထွက်မှ ကျတော်ပြန်လာတာပါ "

" အင်း အဲ့တာဆိုပြန်တော့ မင်းလဲမာန်ဟိန်းကိုလွမ်းနေလောက်ရောပေါ့ "

" အဲ့တာဆိုကျတော်ပြန်တော့မယ်နော် အကို့မျက်နှာလေးကိုမြင်ချင်နေပီ "

အဖြစ်သည်းနေတဲ့သူတပည့်ကြောင့် ဟန်နရီပြုံးရယ်ကာ Samရဲ့ခေါင်းလေးကို ခပ်ဖွဖွလေးပုတ်ပီး ခေါင်းညိမ့်ပြလိုက်သည်
***

ဒီနေ့က ကျတော်အိမ်ပြန်လာတဲ့နေ့လေးဆိုပေမဲ့ စိတ်တွေကရှုပ်ထွေးနေမိတယ် ကျတော်ပြန်လာမယ်မှန်းသိရဲ့သားနဲ့ ဖုန်းတချက်တောင်မဆက်တဲ့လူကြောင့် စိတ်တိုမိတာတော့အမှန် ဘာပဲဖြစ်ဖြစ် ဖုန်းလေးတော့ဆက်သင့်တယ်မှတ်လား....

ကျတော်ခြံရှေ့ရောက်လာတာတောင် ဘယ်သူမှလာမကြိုကြပါဘူး နှပတ်လောက်လေး၀ေးကွာသွားတာနဲ့ အကုန်ပြောင်းလဲသွားကြတယ်ထင်ပါတယ် အိမ်တံခါးဖွင့်ဖွင့်ချင်းမှာတင် တအိမ်လုံးမှောင်မဲကာ တိတ်ဆိတ်နေတာကြောင့် စိတ်တိုမိပြန်တယ် ကျတော်မရှိတဲ့အချိန်အတွင်း ဒီလူအိမ်မှာမနေတာ ခန့်မှန်းစရာတောင်မလို ...

" ဘုန်း!!! "

အမှောင်တနေရာကနေ ပစ္စည်းပြုတ်ကျသံကြားလိုက်တာနဲ့ လွန်းတယောက်မျက်လုံးလေးပြူးကာ အနောက်ကိုဆုတ်ပီး
ဧည့်ခန်းမီးအမြန်သွားဖွင့်လိုက်သည်

ဆိုဖာအနောက်မှာ cheese cakeလေးကိုင်ကာ သူ့ကိုပုန်းနေတဲ့ ဟန်နရီကိုတွေ့လိုက်ရတာကြောင့် လွန်းရဲ့မျက်နှာလေးက ကြည်လင်လာသည် လူဆိုးကောင်လေးကတော့ ဘ၀င်မကျဖြစ်နေတဲ့ပုံပါပဲ မိလှိုင်က အမှောင်ထဲကနေ ခလုတ်တိုက်သွားတာကြောင့် သူစီစဥ်ထားတဲ့ surpriseလေးက ပွဲပျက်သွားပုံပင်

" ကျစ်!!! Surpriseလုပ်မလို့ဆိုမှပဲကွာ "

အလိုမကျဖြစ်နေတဲ့ကျတော့်လူကြီးကြောင့် အိမ်ထဲကအခြေအနေတွေကို အကဲခတ်ရပြန်တယ် နံရံမှာ စာလုံးအလှတွေနဲ့ " Welcome Home "ဆိုတဲ့စာတန်းလေးကြောင့် စိတ်ထဲကြည်နူးမိသွားတယ် ကိုဖိုးစိန်နဲ့ မိလှိုင်တို့ကတော့ ပူဖောင်းလေးတွေကိုင်ထားတာကြောင့် ရယ်ရခက်ငိုရခက်ပင် မွေးနေ့လဲမဟုတ်ပဲ ပြင်ဆင်ထားတဲ့ပုံတွေက Birthday Partyလိုလိုဘာလိုလိုနဲ့ ဒီလူဟာလေ သူများကိုဘာတွေလျှောက်ခိုင်းနေမှန်းကိုမသိဘူး

HANARY(S1+S2) Where stories live. Discover now