Part 23(U&Z)

6.6K 340 0
                                    

Unicode

စာအုပ်ဖတ်နေတုန်း အောက်ထပ်မှ အိုးသံခွက်သံတွေကြားတော့ ဖက်လက်စဝတ္ထုစာအုပ်ကိုချထားလိုက်ပြီး အောက်ထပ်ဆင်းလာခဲ့လိုက်တာဖြစ်သည်။မီးဖိုခန်းထဲမှာ လင်းနဲ့ ကိုတုတ်ကြီး အလုပ်ရှုပ်နေတာမြင်တော့ စာဆိုသိချင်စိတ်ဖြင့် အနားသွားပြီး စားပွဲနားလက်ထောက်ရပ်ကာ

"ဒီနေ့ အိမ်မှာ ဘာပွဲရှိလို့လဲဟင်!"

ဟေ!

ပန်းကန်တွေကိုင်ရင်းလင်းကပြူးကြည့်လိုက်သလို၊ ကိုတုတ်ကြီးကလဲဟင်းသီးဟင်းရွက်တွေရေဆေးနေရင်းလှည့်ကြည့်လိုက်တာဖြစ်၏၊နှစ်ယောက်စလုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပန်းကန်တွေပြန်ချထားကာစျေးခြင်းဆွဲယူလိုက်ပြီး စာဆို့လက်မောင်းကိုဆွဲကိုင်၍ အိမ်ရှေ့ခေါ်ထုတ်လာပြီး လင်းသက်ပြင်းချလိုက်တာဖြစ်သည်။

"ဟင်း!ဒီနေ့ ကိုကို့မွေးနေ့လေ 92born Aug10စာဆိုရဲ့ မသိ
ဘူးလား"

ကိုယ့်ထက်၁၀နှစ်လောက်ကြီးတယ်ဆိုတာသာသိထားပြီး ဒီထက်လဲမစပ်စုဖြစ်ခဲ့တာရော မမေးချင်တာရောကြောင့် ဘာသိဘာသာနေခဲ့တာပဲဖြစ်၏။ဒီနေ့ကသူ့မွေးနေ့တဲ့လား။

"အဲ့တာBirthday Partyအတွက်စျေးသွားပြီးလိုတာလေးတွေဝယ်မလို့ လင်းနဲ့အတူစျေးလိုက်ခဲ့မလား"

"ဟုတ်"

စျေးရောက်တာနဲ့လင်းကဟိုဟိုဒီဒီလျှောက်နေရင်း မွေးနေ့ပွဲကျင်းပဖို့အတွက် ကောဇောခင်းများကို ရှာနေတာဖြစ်သည်။ ထိူ့နောက်အလှကုန်များဘက်ရောက်သွားကာ နှုတ်ခမ်းနီများကိုတစ်ချောင်းပြီး တစ်ချာင်းဆိုးကြည့်နေ၍စာဆိုမတ်တပ်ရပ်နေရင်းလင်းကိုသေချာကြည့်နေလိုက်တာဖြစ်၏၊

မိန်းကလေးတွေshopping တစ်ခါထွက်ရင် ဆယ်ကမ္ဘာလောက်ကြာတယ်ဆိုတာဒီလိုမျိုးပဲနေမှာ၊ ဝယ်စရာရှိတာမဝယ်ပဲ ဟိုယောင်
ယောင်ဒီယောင်ယောင်နဲ့ပဲဖြစ်သည်။

စာဆိုလက်မှနာရီကြည့်လိုက်ပြီး အံကြိတ်လိုက်မိသည်။ အဲ့တာရှည်ပြီးလိုက်ချင်အုံး။ ထို့နောက်လင်းက စာဆိုကိုလှည့်ကြည့်၍ နှုတ်ခမ်းနီလေးတွေကို ပြန်ကြည့်ကာပြုံးလိုက်သည်။လိုချင်တာလေးတွေနဲ့ဝယ်ချင်တာလေးတွေဝယ်ပြီး စိတ်တိုင်းကျသွားသောကြောင့်။

My Weird Husband [ Completed ]Where stories live. Discover now