Chapter 102

26.8K 3.7K 261
                                    

Unicode

တံခါးမှာ နှစ်ကူးဆုတောင်းကပ်ရအောင်၊ ကျန်းမိသားစုလည်း သိကုန်ကြပြီ
________________________________

ဒီနေ့က တရုတ်နှစ်ကူးဖြစ်တာကြောင့် ယန်းချင်းချီ၊ကျန်းမော့ချန်နဲ့ ချီချီတို့ မနက်စောစောထလိုက်ကြသည်။ မနက်စာစားပြီးနောက်မှာ မေမေယန်းထည့်ပေးလိုက်သည့် နှစ်ကူးဆုတောင်းစာရွက်တွေ၊စကားလုံးတွေကို အိမ်တံခါးမှာကပ်ဖို့ မိသားစုသုံးယောက်ပြင်ဆင်ကြတော့သည်။

ချီချီက 'ဖူ' စကားလုံးလေးကိုကိုင်ကာ သေချာစိုက်ကြည့်နေတာကြောင့် ယန်းချင်းချီကမေးလိုက်သည်။

''ချီချီ အဲ့ဒါကို သိလား ''

ချီချီက 'ဖူ'စကားလုံးလေးကို ထောင်ပြကာ

''ချီချီဒါကိုဘယ်လိုကပ်ရမလဲသိတယ် သားဆရာမကပြောဖူးတယ် ဒါကိုဇောက်ထိုးကပ်ရမယ်တဲ့ ''

''ဝါး ချီချီကအရမ်းတော်တာပဲ ''

ယန်းချင်းချီ ထိုသို့ပြောရင်း ကလေးကိုကောက်ချီဖို့ပြင်လိုက်သည်။ ထိုအခြင်းအရာကိုမြင်သွားသည့် ကျန်းမော့ချန်မှာ သေမတတ်လန့်သွားသဖြင့် လက်ထဲကစာရွက်တွေကိုချပြီး ချီချီ့ကို အပြေးကောက်ချီလေသည်။

''ပြောနေရင်းအကောင်းကြီးကနေ ဘာထဖြစ်တာလဲ တစ်စက်မှမလှုပ်နဲ့ ''

ယန်းချင်းချီ ကူကယ်ရာမဲ့သွားကာ

''ကျွန်တော် ချီချီ့ကိုချီပြီး အိမ်တံခါးမှာ 'ဖူ'ကို​ကပ်ချင်လို့ ''

''ကိုယ်လုပ်ပါ့မယ် ''

ကျန်းမော့ချန် သူ့ရင်ခွင်ထဲက ချီချီ့ကိုငုံ့ကြည့်ရင်း

''လာ ဒယ်ဒီတို့ 'ဖူ' ကပ်ရအောင် သားပြောသလိုပဲဇောက်ထိုးကပ်မယ် ''

''တံခါးရဲ့ ဘယ်နေရာမှာကပ်မှာလဲ '' ချီချီက 'ဖူ' စကားလုံးလေးကို ဟိုဘက်စောင်းလိုက်၊ဒီဘက်စောင်းလိုက်နှင့် နေရာချိန်ကြည့်နေသည်။

ကျန်းမော့ချန် ကလေးပါးလေးကိုညှစ်လိုက်ကာ

''အလယ်မှာပဲကပ်ရအောင် ''

''အလယ်မှာ? ''

ချီချီကစာရွက်ကိုင်ထားသည့်လက်ကလေးကို တံခါးအလယ်တည့်တည့်ရွှေ့သွားသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now