1

9.6K 616 7
                                    

De ja Vu

Porsche

"ဟပ်ချိုး! "

"ဘယ်သူတွေ ငါ့အကြောင်းပြောနေပြန်ပြီလဲမသိဘူး။ ဒီနှာချေတာကလည်းမနေ့ညကတည်းကဖြစ်နေတာပျောက်ကိုမပျောက်တော့ဘူး။ ဘာလို့ဒီလိုမျိုးဆက်တိုက်ချေနေရတာလဲ။ ချီးပဲကွာ။" Jomကနှာချေလိုက်ပြီး လက်ထဲကကော်ဖီခွက်ကိုအားကစားသိပ္ပံဌာနအရှေ့မှာရှိနေတဲ့စကျင်ကျောက်စားပွဲပေါ်မှာတင်ထားလိုက်သည်။ ကျွန်တော်ကတော့ မနေ့ညကကူညီပေး​ဖြစ်ခဲ့တဲ့ရုပ်ချောချောနဲ့လူအကြောင်းကိုတွေးမိနေပြီး သူ့နာမည်ကို ကျွန်တော့်နာမည်အစား ယူသုံးမိလိုက်တဲ့အတွက် စိတ်ထဲကနေဆက်တိုက်တောင်းပန်နေမိသည်။ အခြေအနေတွေကလည်းကျွန်တော့်နာမည်ကိုအမှန်အတိုင်းပြောပြဖို့အတွက်အခွင့်သာမနေခဲ့ဘူးလေ။မနေ့ညကတွေ့ခဲ့ရတဲ့ပုံစံမျိုးနဲ့ဘယ်လိုလူကများသူ့ကိုယုံပေးမှာလဲ။ အဲ့ဒီကောင်ကသူသဘောတူထားတဲ့ငွေနဲ့နာရီကိုပြန်ရွေးဖို့ နောက်တစ်ခါထပ်တွေ့ကြမယ်လို့​ပြောသွားသေးတယ်လေ။

ဒါပေမဲ့…ကျွန်တော်ကဘယ်လိုလုပ်ပြန်ပေးနိုင်မှာလဲ။ ဒီမနက်ခင်းမှာတင် ကျွန်တော်လိုချင်တဲ့ပိုက်ဆံရဖို့အတွက်အဲ့ဒီဇိမ်ခံနာရီကိုရောင်းပစ်လိုက်ပြီးပြီ။မနေ့ညကသူကျွန်တော့်နာမည်ကိုမေးတုန်းက တခြားလူတွေရဲ့နာမည်ကိုပြောလိုက်ရင်လည်းရပေမယ့် ကျွန်တော့်ဖုန်းမှာပေါ်နေတဲ့JOMရဲ့နာမည်ကိုတစ်ချက်မြင်လိုက်ပြီးတဲ့အချိန်မှာ ဒီနာမည်ကကျွန်တော့်ခေါင်းထဲကိုအလိုအလျောက်ဝင်လာခဲ့တာပဲ။

မင်းနာမည်ကိုယူသုံးမိလို့တောင်းပန်ပါတယ်ကွာ ငါလည်းတစ်ခုခုဖြစ်ခဲ့ရင်မမိအောင်ပြေးရမှာမို့လို့ပါ

“ငါ့ကိုကြည့် ခွေးကောင်…”

ကျွန်တော့်သူငယ်ချင်းတွေကရောက်လာပြီးနှုတ်ဆက်လာတာကြောင့် သူတို့ကိုပုခုံးတစ်ချက်တွန့်ပြလိုက်ရင်းအာရုံစိုက်လိုက်သည်။ဒီကောင်တွေကရုပ်ချောပြီးတော့ချစ်စရာကောင်းတဲ့ကောင်ချောလေးတွေနဲ့တူပေမဲ့ တကယ့်ပုံစံကအထင်နဲ့အမြင်တက်တက်စင်အောင်လွဲနေတာပဲ။ဒီနှစ်ကောင်ကကျွန်တော့်အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး သူတို့နာမည်ကJomနဲ့ Temတဲ့။ကျွန်တော်ကလည်းရုပ်ချောတဲ့လူထဲမှာပါပေမဲ့ အေးစက်စက်မျက်နှာထားရယ် ခံစားချက်တွေကိုမဖော်ပြတတ်တဲ့ပုံစံကြောင့် ဘယ်သူကမှကျွန်တော့်အနားကိုမကပ်ရဲဘူး။ပြီးတော့ ကျွန်တော်ကိုယ်တိုင်ကလည်းဖော်ဖော်ရွေရွေမနေတတ်တဲ့လူတွေထဲမှာပါနေတဲ့အပြင် ဘယ်ဘက်လက်မောင်းမှာရှိတဲ့ဂျပန်ဆန်ဆန်ချယ်ရီပန်းတွေနဲ့တိမ်တိုက်တွေရောယှက်နေတဲ့တက်တူးကိုပါထည့်ပေါင်းလိုက်တဲ့အခါ ကျွန်တော့်ပုံစံကခပ်ကြမ်းကြမ်းလူမိုက်တစ်ယောက်ပုံစံဖြစ်သွားတော့တာပဲ။ကျွန်တော့်ကိုအချိန်အတော်ကြာသိလာခဲ့တဲ့လူတွေကလွဲရင်ဘယ်သူကမှကျွန်တော့်နားကိုသိပ်မကပ်ရဲဘူး။

HereWhere stories live. Discover now