အခန်း ( ၁)

227K 10.8K 2.2K
                                    

" နေသက်နွေး ခဲတံကိုကိုက်နေပြန်ပြီလား! "

ဆရာမရဲ့အသံသွားရာဆီကိုကလေးတွေအားလုံးလှည့်ကြည့်လိုက်ကြတဲ့အခါ ပိန်လှီနေတဲ့ကောင်ငယ်လေးတစ်ယောက်သည် ကျောင်း၏နောက်ဆုံးတန်းမှာ ခဲတံဖင်ကို ကိုက်ခဲထားပြီးတစ်ချက်တစ်ချက်သူ့ခေါင်းလေးကလည်းစောင်းစောင်းသွားတတ်သေးသည်။

ဆရာမရဲ့ပြောသံကိုမကြားသလိုမျက်လုံးတွေကအောက်ကိုသာစိုက်ချထားပြီးခဲတံကိုတင်းနေအောင်ကိုက်ခဲထား၏။

ပြီးတော့ သူ့ခေါင်းလေး ဆက် ခနဲထပ်စောင်းသွားပြန်သည်။

၁၂နာရီထိုးထမင်းစားဆင်းချိန်မှာကလေးတွေအားလုံးကဝရုန်းသုန်းကားကျောင်းပေါက်ဝဆီကိုပြေးလွှားကြတဲ့အခါတုန့်နှေးနှေးကောင်လေးကိုဝင်ဝင်တိုက်သွားတတ်ကြသေး၏။

ကောင်လေးသည်ကျောပိုးအိတ်လက်ကိုင်အားဆုပ်ကိုင်ထားပြီးဘာတစ်ခွန်းမှပြောဆိုခြင်းမရှိ။

အဝေးတစ်နေရာကကျောင်းသားလေးတစ်ယောက်ကိုမြင်တဲ့အခါမျက်လုံးသေလေးထဲပျော်ရွှင်ရိပ်လေးပြေးလွှားသွားပြီး သူ့ခေါင်းလေး ဆက်ခနဲစောင်းသွားပြန်သည်။  ။

   '' သက်   ... သက်စွေ  ...  ကို ...  ကိုကို ဗိုက်ဆာတယ်  " 

နေသက်နွေး နဲ့ရုပ်ချင်းခပ်ဆင်ဆင်ကောင်လေးက မျက်နှာပျက်သွားပြီးဘေးဘီကိုမလုံခြုံသလိုလေးတစ်ချက်ဝေ့ကြည့်လာ​ချေသည်။ 

နေသက်နွေးထက်စာရင် အဲ့ကောင်လေးရဲ့အဝတ်အစားတွေကပိုသစ်လွင်ပြီးသန့်သန့်ပြန့်ပြန့်ရှိ၏။

  " အိမ်ပြန်စား ၊ ဒါငါ  ငါ့သူငယ်ချင်းတွေနဲ့အတူစားမှာ  " 

နေသက်နွေး၏ ခေါင်းလေးမှာဆက်ခနဲထပ်စောင်းသွားပြီး သူ့ရှေ့ကကျောင်းသားလေးကို ထပ်ပြော၏။

    "  ကို   ...  ကိုကို  နဲ့ တူ  တူတူစားမယ်"

   "  သွားစမ်း  !  မင်းငါ့ကိုလမ်းမှာတွေ့ရင်မခေါ်နဲ့လို့ပြောထားတယ်နော်!  ခေါ်လို့ကတော့ အိမ်ပြန်ရောက်ရင် မင်းအသေပဲ "

နေသက်နွေး တွန့်ခနဲဖြစ်သွားလေသည်။ သူ့ခေါင်းလေးကမဝံ့မရဲလေးထပ်စောင်းသွားပြီး သစ်လွင်တောက်ပတဲ့ ကျောင်းဝတ်စုံတွေနဲ့သူငယ်ချင်းတွေဆီပြေးလွှားသွားနေတဲ့ သူ့ညီလေးကိုငေးကြည့်နေ၏။ 

နေရောင်ခြည်လို   နွေးWhere stories live. Discover now