အခန်း (47)

4.2K 750 43
                                    

[ရှဲ့ဟယ်:  ဆယ့်ရှစ်နှစ်လောက် ကျွေးမွေးခဲ့တာတောင် ငါ့အပေါ် နှစ်သက်မှုက 20ပဲ ရှိခဲ့တာလေ...ပြီးတော့ သူမလိုချင်ဘူးပြောပြီး သူကိုယ်တိုင်ပဲ စွန့်ပစ်ခဲ့တယ်...သူ့အနားမှာ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ကိုတောင် လွယ်လွယ်စွန့်ပစ်နိုင်တဲ့သူက အခုမှပြန်တွေ့တဲ့သားကို ဘယ်လောက်အထိဂရုစိုက်မယ် မင်းထင်လဲ? ??ငါ့ကို အနိုင်ပိုင်းဖို့ ငါ့ရဲ့ ဖြစ်တည်မှုကို အတည်ပြုချင်လို့သာ သူ့သားအရင်းကို ပြ​န်ခေါ်လိုက်တာ...သူ့သားအရင်းဆိုတဲ့ကောင် ဒီမှာ ရှိရှိ မရှိရှိ၊ အသက်ရှင်ရှင်၊ မရှင်ရှင် ဘာမှအရေးမကြီးဘူး....တန့်ကျင်းဝမ်းက အကယ်၍ သားအရင်းကို ပြန်ရှာမတွေ့ရင်တောင် ကြုံရာလူကို ဆွဲ​ခေါ်လာပြီး သားအရင်းဆိုပြီး လာပြောမှာပဲ....]

[444: +_+ ]

[ရှဲ့ဟယ်:  သူ့ရည်ရွယ်ချက်က ငါ သူ့ကို အဖေတစ်ယောက်လို သဘောမထားတော့ဖို့ပဲ....  Daddy ကလေ ပိုချစ်လာလေ ပိုဂရုစိုက်တတ်လာလေပဲ...ပြီးတော့ ပိုပိုပြီးတော့လဲ ထိတွေ့လာလေပဲ...ကြည့်ပါလား ငါအရင်တုန်းက လုပ်ခဲ့သမျှတွေကို ဂရုမှမစိုက်တော့တာ...]

[444: ........]တန့်ကျင်းဝမ်းက Host တာ့တာ့နဲ့ တကယ်ကို တူလာတာပဲ...အိုးးးး

[ရှဲ့ဟယ်:ဒီလိုဖြစ်သွားတာ သဘောကျတယ်...ငါလဲ သူ့ကို သဘောကျလာတဲ့အတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် သင်ပေးချင်တယ်...အိုး...အချစ်ကြမ်းကြမ်းလေးမျိုးနဲ့လေ....]

444: ....... ငါလေးက အင်နိုးစန့် System လေးဖြစ်တဲ့အတွက် ဒီငါးဆားနူနှစ်ကောင် တစ်ယောက်ကိုတစ်ယောက် အထိနာအောင်လုပ်နေတာကို ထိုင်ကြည့်နေလိုက်တော့မယ်.....

နောက်တစ်နေ့နံနက်မှာတော့ အိမ်အကူတွေက တန့်ကျိုးရဲ့ အခန်းကို ရှင်းလင်းပြီး ပစ္စည်းပစ္စယတွေကို ဉယျာဉ်နောက်ဖက်က ဂိုဒေါင်ထဲ ပို့ပစ်လိုက်ကြတယ်....ရှဲ့ဟယ်ဘက်က ဘယလောက်ဘဲ အရှက်မဲ့စွာပြုမူပြနေပါစေ သူတို့တွေကတော့ အမြန်ဆုံးနည်းနဲ့ အခန်းကို ပြန်လည်ပြင်ဆင်နေကြတယ်...

သူ့အခန်းလေး ဒီအိမ်ကြီးထဲနေ ပျောက်ကွယ်သွားတာကို ရှဲ့ဟယ်တစ်ယောက် ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရတယ်....ဘာပစ္စည်းတစ်ခုမှ မကျန်ခဲ့တဲ့အထိ ရှင်းလင်းခံလိုက်ရပြီ...ဒါဟာ အသက်ရှင်နေရက်နဲ့ ဖြစ်တည်မှုအလုံးစုံကို ဖျောက်ဖျက်ခံလိုက်ရသလိုပါပဲ......

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now