2

6.9K 547 5
                                    

Unicode

ရန်သူ

Porsche POV

"ငါ့ကိုမနေ့ကလိုပဲဆီဆိုင်မှာချထားပေးခဲ့မယ်လို့တော့မပြောနဲ့နော်"

ကျွန်တော့်အနောက်ကလူကအသံဩရှရှနဲ့ပြောလာသည်။သူ့မျက်နှာပေါ်မှာဒဏ်ရာဒဏ်ချက်နည်းနည်းရှိနေသေးပေမယ့်လည်း အခြေအနေကမနေ့ကထက်ပိုကောင်းနေသလိုပါပဲ။ ဒီဒဏ်ရာတွေကအခုလတ်တလောဖြစ်ခဲ့တဲ့ရန်ပွဲကနေရခဲ့တာတွေပဲလား ဒါမှမဟုတ် မနေ့ညကရခဲ့တာတွေပဲလားတော့မသိဘူး။

"အာာာာ သူတို့တွေလိုက်လာနေပြီ"

ဒီစကားက ကျွန်တော်သူ့ကိုပြောလိုက်တာမဟုတ်ဘူး။နောက်ကြည့်မှန်ထဲမှာမြင်လိုက်ရတဲ့ဆိုင်ကယ်နဲ့လူတွေကြောင့် ခပ်တိုးတိုးရေရွတ်လိုက်မိရင်း ဆိုင်ကယ်ကိုအရှိန်မြှင့်လိုက်သည်။ဒီနေ့ကတော့ အက်ရှင်အတွက်အချိန်ရောက်လာခဲ့ပြီ။အနောက်ကဆိုင်ကယ်ကအမြန်လမ်းမှာမောင်းတဲ့နှုန်းနဲ့ ကျွန်တော့်ကိုအမှီလိုက်နိုင်အောင်ကြိုးစားပေမဲ့လည်း အဲ့ဒီနှုန်းထက်တော့မကျော်လာခဲ့ဘူး။ ကျွန်တော်လမ်းမကြီးပေါ်ကနေသွားလို့ရမဲ့လမ်းကိုရှာလိုက်ပြီး ခလုတ်ကန်သင်းတွေနဲ့ပြည့်နေတဲ့လမ်းကျဉ်းကျဉ်းထဲကိုဝင်သွားလိုက်သည်။ ဒီလိုလမ်းမျိုးမှာမောင်းနိုင်မလားဆိုတာကတော့ မေးနေစရာတောင်မလိုတဲ့မေးခွန်းပဲ။ပြီးတော့ ကျွန်တော့်ဆိုင်ကယ်ကတောတွင်းလမ်းကြမ်းတွေမှာမောင်းလို့ရတဲ့အမျိုးအစားဆိုတော့ကာ အဲ့ဒီကောင်တွေအကုန်လုံးကိုနောက်မှာအသာလေးချန်ထားနိုင်ခဲ့ပြီလေ။

"ဂရုစိုက်ဦး!"

ကျွန်တော့်အနောက်ကလူကလေတိုးခံနေရရင်းနဲ့ပြောလာပြန်သည်။သူ့လက်တစ်ဖက်ကကျွန်တော့်ခါးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး နောက်တစ်ဖက်ကထိုင်ခုံရဲ့အနောက်ဘက်ကိုကိုင်ထားသည်။

"သေချာကိုင်ထား"

ကျွန်တော်သူ့ကိုပြောလိုက်ပြီး ဆိုင်ကယ်ကိုအရှိန်တင်လိုက်တဲ့အခါ သူကဆိုင်ကယ်နောက်ခုံကိုကိုင်ထားတဲ့လက်ကိုလွှတ်လိုက်ပြီး ကျွန်တော့်ကိုတင်းတင်းကြပ်ကြပ်ဖက်လာရင်း သူ့ခေါင်းကိုကျွန်တော့်ကျောပေါ်မှာမှီချလာသည်။လေတွေအရမ်းတိုးမှာကိုရှောင်ချင်တာလည်းပါမှာပေါ့။

HereWhere stories live. Discover now