4.5

427 42 6
                                    

Unicode

ဂျီအန်း အခု သူမတွေးနေတာကိုပြောရမယ်ဆိုရင်တော့
သူမအခု ဦးလေးကြီးထယ်ဆွန်း ရဲ့ သူမတို့အပေါ် ဂရုစိုက်နေမှုကိုပင်
သူမအရမ်းကိုအံသြနေမိသည်
သူမ က အဖေ့ရဲ့ မိတ်ဆွေတစ်ယောက်ဖြစ်လို့ သူမ က အထောက်အပံ့ယူဖို့သွားခဲ့ပေမယ့်
အကူအညီမပေးလောက်ဘူးတောင်ထင်ခဲ့တာ ပေးခဲ့ရင်လည်း သာမန် ဝတ်ကျေတမ်းကျေရုံလောက် ပေးမယ်​ထင်မိ
​တာလေ
အခုကျတော့ သူမတို့အပေါ် သမီးရင်းတွေလို ပြုလုပ်ပေးနေတာကြောင့် အရမ်းကိုကျေးဇူးတင်မိသွားသည်လေ

သူမ မှာ ကုမ္ပဏီ လက်မလှမ်းရဲလောက်မယ့်
နေရာတွေကိုသိပေမယ့် ဒီနေရာကိုရွေးလိုက်ရတဲ့အကြောင်းက
ဦးလေးကြီး ထယ်ဆွန်းရဲ့နောက်ခံက ကြီးမားတာကြောင့်ပင်
သူတို့ဟာလည်း မာဖီးယားဂိုဏ်းတစ်ဂိုဏ်းဖြစ်တယ်
ဒါပေမယ့် Godlen ကုမ္ပဏီ မထွက်ပေါ်ခင်ကတည်းက ရှိခဲ့တာဖြစ်လို့ ဂိုဏ်းငယ်လေးတွေသာ မက Godlen ကုမ္ပဏီ ကပါ မထိပါးရဲ

အင်အားတူချင်းမို့ ပိုတောင်အပြတ်ရှင်းခံရနိုင်တယ်လို့ထင်ရပေမယ့်
ဂိုဏ်းတွေမှာက သူ့နေရာ သူ သူ့စည်းကိုယ့်စည်း ရှိကြသည်လေ
ဦးလေးကြီး ထယ်ဆွန်းတို့ဂိုဏ်းက ဂိုဏ်းငယ်တွေကိစ္စမှာဝင်မပါတာကြာပီပေမယ့် သူတို့ဂိုဏ်းကိုတစ်ယောပ်ယောက် ဝင် ဖျက်စီးလို့ရတယ်လို့မဆိုလို သူတို့က ငြိမ်နေပေမယ့် နောက်ကွယ်အင်အားကကြီးမားသည်လေ

အခု ဂျီအန်းတို့ရှိနေတာက ခန့်ညားပီး မဟာဆန်လှတဲ့ အိမ်ကြီးရဲ့ ဧည့်ခန်းမှာ ဖြစ်သည်
ဂျီနာလေးကတော့ သူမတို့ကို ဂရုစိုက်လွန်းနေတဲ့ ဦလေးကြီး ထယ်ဆွန်းကို မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်ကြည့်နေလေရဲ့
သူမရဲ့အမှုအရာက သူမ သူ့ကို သိသလိုလိုရှိပေမယ့် ဘယ်သူမှန်းမမှတ်မိနေဘူးဆိုတာကိုဖော်ပြနေတယ်

ဂျီအန်းကပဲ ဂျီနာလေးကို ဦးလေးကြီး
ထယ်ဆွန်း အကြောင်းပြောပြရတယ်
သူမတို့နှစ်ယောက်စကားပြောပုံတွေကိုကြည့်ရင်း သူ့မျက်နှာထက်မှာတော့ အပြုံးတစ်ပွင့်ရှိနေရဲ့

ဂျီနာ လေး ကိုပြောပြပီး အချိန်ကလဲ မစောတော့တဲ့အတွက် သူမတို့အတွက် ပြင်ဆင်ထားတဲ့ အခန်းထဲ ဂျီနာလေးကိုအိပ်စေလိုက်တော့တယ်

villain systemWhere stories live. Discover now