အပိုင်း - ၁၇၈ ( မွေးစားအမေ )

2.7K 364 5
                                    

[Unicode]

အပိုင်း - ၁၇၈ ( မွေးစားအမေ )

မိန်းကလေးရှ, တခုခုလိုလို့လား"
ကြင်ယာတော်မင်းသမီးကျင်းက ရှဖူရုန်ရဲ့မျက်နှာပေါ်က ပြောင်းလဲနေတဲ့ အမူအယာအမျိုးမျိုးကို စူးစမ်းနေမိသည်။ ခရီးစဉ်တစ်လျှောက်မှာ ဒီအမျိုးသမီးငယ်လေးရဲ့ အကြံအစည်တွေကို သူမ သတိထားမိနေတာကြာပြီ။ ကံကောင်းစွာနဲ့ ဒုတိယသားက သူမကို အဖက်မလုပ်တာမို့ မင်းသမီးကျင်း စိတ်သက်သာရာရနေတာဖြစ်သည်။

အမျိုးသားတွေကို ဆွဲဆောင်ဖို့ပဲ အာရုံရနေတဲ့ဆယ်ကျော်သက် မီးကောင်ပေါက်အရွယ်လေးက နောင်အခါမှာ ပြဿနာရှာမယ့် ကောင်မလေးတစ်ယောက်ဖြစ်လာမှာ အသေအချာပဲ။ ဘယ်လိုလုပ်ပြီး ဒီလိုကလေးမမျိုးနဲ့ သူမသားကို ဘဝတသက်တာ ဆက်နွယ်ဖို့ ခွင့်ပြုရမှာလဲ
ရှဖူရုန်က ချက်ချင်းပဲ သူမမျက်နှာထားကို ပြင်လိုက်ကာ အပြစ်ကင်းစင်တဲ့ အပြုံးတစ်ခု ပြုံးပြီး သူမကို ချိုသာစွာ ပြောလာတယ်။

"ကြင်ယာတော်မင်းသမီး, ဒီည မင်းသမီးနေဖို့ တည်းစရာရှိလားလို့ ကျွန်မအဒေါ်က ကျွန်မကို မေးခိုင်းလိုက်လို့ပါ... တကယ်လို့ တည်းစရာနေရာမရှိရင် ထန်ကူမြို့မှာ အဒေါ်တို့ အိမ်တော်ငယ်လေး တစ်ခုရှိတယ် ပြောတယ်... အိမ်ကြီးအိမ်ကောင်းတော့ မဟုတ်ပေမယ့် ခဏတဖြုတ် တည်းခိုဖို့တော့ အဆင်ပြေပါတယ်"

"ရပါတယ်, တိုင်းတရားသူကြီးဝူရဲ့ ဇနီးက တို့ငယ်သူငယ်ချင်းပဲ... ဒီကို ထွက်မလာခင်တုန်းက သူ့ဆီကို နှစ်ရက်လောက် ဒုက္ခလာပေးဦးမယ်ဆိုပြီး စာလှမ်းရေးထားတယ်!"

ကြင်ယာတော်မင်းသမီးက ကျောက်ရုံစစ်သူကြီးဖန်းဇီကျန်းရဲ့ ဇနီးကို သဘောကျပေမယ့် ဒီဖုံးကွယ်ထားတဲ့ အကြံအစည်တွေ ရှိနေတဲ့ ကလေးမလေးနဲ့ သူမရဲ့ သားကို နောက်ထပ် အဆက်အဆံ မဖြစ်စေချင်တော့ပေ။

ရှဖူရုန်ရဲ့ မည်းနက်တောက်ပနေတဲ့ မျက်လုံးအစုံတို့က စိတ်ပျက်လက်ပျက် ညှိုးကျသွားတယ်။ သူမက နောက်လှည့်လိုက်ပြီး ဖရဲသီးဆိုင်ထဲက ရှည်လျားသောအရပ်နဲ့ ယောက်ျားပီသတဲ့ ပုံရိပ်တစ်ခုကို လှမ်းကြည့်လိုက်တယ်။ လုံးဝလက်မခံတာ တွေ့ရတော့ သူမမျက်လုံးတွေကို ရိပ်ခနဲ လှုပ်ရှားလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းတွေက အနည်းငယ် ကော့တက်သွားတယ်။ သို့သော်လည်း သူမက ကြင်ယာတော်မင်းသမီးကိုတော့ ယဉ်ကျေးပျူငှာစွာပဲ နှုတ်ဆက်စကားပြောလိုက်တယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now