အပိုင်း ၁၈၀ - ကံကြမ္မာ

2.5K 330 2
                                    

[Unicode]

အပိုင်း ၁၈၀ - ကံကြမ္မာ

ကျူးကျွင်းရှီရဲ့ အေးစက်တဲ့အကြည့်က ဝန်းကျင်တစ်ခွင်ကို လွှမ်းမိုးသွားတယ်။ သူ့စိတ်ထဲက တအုံ့နွေးနွေး စိတ်မရှည်မှုတွေက ဒေါသအဖြစ် ပြောင်းလဲသွားတယ်။ သူက ရှဖူရုန်ဘာလုပ်ဖို့ ကြိုးစားနေတာလဲ သေချာမသိပေမယ့် သူမက သူ့ကို ပါဝင်ပတ်သက်စေတဲ့အတွက် သူက သူမကို ဆက်မပြောစေဘဲ

"မိန်းကလေးရှရဲ့ စကားတွေက မှန်ကန်မှုမရှိဘူး။ ဒီကောင်မလေးက လုပ်ငန်းတစ်ခု လုပ်နေပြီး ကျွန်တော်က သူမရောင်းတဲ့ ပစ္စည်းကို ဝယ်နေတာ။ ဒါက သင့်တင့်တဲ့ အရောင်းအဝယ်ပဲ ဒါကို သူမက ဘာကြောင့် ကျွန်တော့် ပိုက်ဆံကို မယူသင့်တာလဲ ဒါမှမဟုတ် မိန်းကလေးရှက ကျွန်တော်တို့ ကျူးမိသားစုက ဖရဲသီးဝယ်ဖို့ ဆယ်လျန်တောင် မတတ်နိုင်ဘူးလို့ ထင်နေတာလား"

"အဲ့လိုမဟုတ်ပါဘူး! ကျွန်မက ဒီသဘောဆိုလိုတာမဟုတ်ပါဘူး..."
ဒုတိယသခင်လေးကျူးက သူမကို နောက်ဆုံးအာရုံစိုက်ပြီး ကြည့်လာတယ်။ ဒါပေမယ့် သူ့မျက်လုံးတွေထဲ အကြည့်က စက်ဆုပ်ရွံရှာမှုတွေနဲ့ ပြည့်နေတယ်။ ရှဖူရုန်က တွန့်ဆုတ် လန့်ဖျပ်သွားတယ်။ သူမ သခင်လေးကျူးရှေ့မှာ ပိုပြီးစိတ်ရှည်ဖို့လိုတယ်။ သူမက အဲ့ဒီ နိမ့်ကျတဲ့ လယ်သူမကြောင့် ဒေါသထွက်မိတာကို ချက်ချင်း နောင်တရမိတယ်။ ဒုတိယသခင်လေးကျူးကို သူမရဲ့ မကောင်းတဲ့ အမူအကျင့်ကို မြင်စေခဲ့မိပြီ။ ဒါတွေအကုန်လုံးက အဲ့ဒီနိမ့်ကျတဲ့ လယ်သူမရဲ့အမှားပဲ!

နဂိုကတည်းက ရှဖူရုန်က အပြစ်ပြုတဲ့သူပေမယ့် သူမက အပြစ်တွေအကုန်လုံးကို ခံရတဲ့သူအပေါ် ပုံချချင်နေသေးတယ်။ ဒီလိုလူမျိုးက တကယ့်ရယ်ရတဲ့သူပဲ။

ကျူးကျွင်းရှီက ဖရဲသီးကို လက်မောင်းကြားမှာ ပိုက်လျက် လမ်းလျှောက်ထွက်လာခဲ့တယ်။ ရှဖူရုန်က သူမမျက်လုံးတွေကို သူ့ဆီမှာ သံလိုက်နဲ့ ကပ်ထားသလို စိုက်ငေးကြည့်တယ်။ သူမက အင်တင်တင်နဲ့ အကြည့်မလွှဲလိုက်ခင်အထိ ခန့်ညားထည်ဝါတဲ့ ကိုယ်ဟန်ကို မက်မက်မောမောနဲ့ ခပ်ကြာကြာ ငေးကြည့်နေခဲ့တယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now