အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )

2.6K 325 1
                                    

[Unicode]

အပိုင်း-၁၈၁ ( ထမင်းတစ်နပ်ကျွေးခြင်း )

လင်းလုံနဲ့ကျန်းကျူးက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်တယ်။ အာ...ကြည့်ရတာ မိန်းကလေးယွီက သခင်မကြီးရဲ့ နှလုံးသားထဲမှာ ကြီးကြီးကျယ်ကျယ်ကို အသိအမှတ်ပြုခံထားရပုံပဲ။ အနည်းဆုံးတော့ သူမက ဖန်းမိသားစုအိမ်မှာ နှစ်ပေါင်းများစွာနေလာတဲ့ သခင်မကြီးရဲ့ တူမထက် သာလွန်တယ်လေ။ သူတို့(လင်းလုံနဲ့ကျန်းကျူ)က တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း သတိပေးလိုက်ကြတယ် : နောက်ဆို ဒီမွေးစားသခင်မလေးကို လျစ်လျူရှု အထင်သေးလို့မရတော့ဘူးပဲ။

သို့သော် ရှောင်ချောင်းက ရှက်ရွံ့စွာနဲ့
" မွေးစားအမေ, သမီး ကလေးမဟုတ်တော့ပါဘူး... သမီးကိုယ့်ဘာသာ လမ်းလျှောက်ပြီး အမေ့ကို မပင်ပန်းအောင် လုပ်သင့်တယ် ထင်တယ်"

"သမီးခန္ဓာကိုယ်လေးက ဘယ်လောက်များ အလေးချိန်ရှိလို့လဲကွဲ့။ အိမ်မှာဆို ကျင်းတစ်ရာရှိတဲ့ ဆန်အိတ်တောင် မွေးစားအမေက ကိုယ့်ဘာသာ သယ်နိုင်တယ်... သမီး အလေးချိန်က အခုထက် သုံးဆလောက် ဖြစ်နေရင်တောင်အမေက မမောပါဘူး!"

သခင်မကြီးဖန်းက ကုတင်ပေါ် ရှောင်ချောင်းကို ချလိုက်ပြီး သုံးနှစ်ကလေးလေးကို စောင့်ရှောက်ပေးတဲ့ အလား ရှောင်ချောင်းရဲ့ အပေါ်ဝတ်အင်္ကျီကို ချွတ်ပေးလိုက်တယ်။
" ကိုယ့်ဘာသာပဲ လုပ်ပါ့မယ်..."

ရှောင်ချောင်းက ရှက်ပြီး သူမ အပြင်အဝတ်ကို ချွတ်ရင်းဆိုတယ်။ ဒါပေမယ့် သူမ လှုပ်ရှားမှုက အားပါသွားတာကြောင့် ကျောမှာရှိတဲ့ အနာကို ရုတ်တရတ်ဆွဲဆန့်လိုက်သလိုဖြစ်ပြီး နာလွန်းလို့ အံပါကြိတ်ထားမိတဲ့ အထိပဲ။
" အာ...  သမီးက အရမ်းမရဲနဲ့လေ!"

သခင်မကြီးဖန်းက သူမကို ကုတင်ပေါ် အသာဖိချလိုက်ပြီး ရှောင်ချောင်းရဲ့ နှင်းမှုန်ပမာ ဖြူဖွေးနေတဲ့ အတွင်းအင်္ကျီကို မ လိုက်တယ်။ ပြီးနောက် ရှောင်ချောင်းရဲ့ ကြည်လင်ပြီးဖြူဖွေးနေတဲ့ ကျောပေါ်မှာ ထင်ရှားပြီး ကြောက်စရာကောင်းတဲ့ ခရမ်းရောင် ပွန်းပဲ့ ဒဏ်ရာကြီးကို မြင်လိုက်ရတယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now