အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)

2.6K 320 1
                                    

[Unicode]

အပိုင်း၁၈၂ - (ဧည့်ဝတ်ကျေပွန်မှု)

သခင်မဖန်းတစ်ယောက် သူမရဲ့တူမလေးကြည့်နေရာကို လိုက်ကြည့်လိုက်တယ်။ သေချာတာပေါ့ မင်းသားကြီးကျင်းရဲ့ ဒုတိယသား ကျူးကျွင်းရှီဟာ ဆိုင်တာဝန်ခံဖြစ်ပုံရသူတစ်ဦးနဲ့ စကားပြောနေတယ်။ ထိုအချိန်မှာ ကုန်သည်များဟု ထင်ရသောလူတွေဟာ မချမ်းမြေ့သောမျက်နှာများနှင့် စားသောက်ဆိုင်မှ ထွက်လာကြတယ်။

ထားလိုက်ပါတော့... မွေးစားအမေက ဖူလင်းစားသောက်ဆိုင်က အထူးဟင်းတွေ လိုက်ကျွေးမယ်! မွေးစားအဖေရဲ့စာထဲမှာ ရေးထားပုံအရ ထန်ကူမြို့မှာ နှစ်လရှည်ဖွင့်ထားတဲ့ စားသောက်ဆိုင် အနည်းငယ်ရှိတယ်တဲ့... ဆိုင်တစ်ခုစီ တစ်ခုစီမှာ သူတို့ ကိုယ်ပိုင် အထူးဟင်းတွေရှိတယ် ပြောတယ်... နောက်နေ့တွေမှပဲ မွေးစားအမေတို့ကို ကျိန်ရှုံစားသောက်ဆိုင်ဆီ ဖိတ်ပေါ့!

သူတို့တွေ ဆုံတာမကြာသေးပေမယ့် အမျိုးသမီးဖန်းစိတ်မှာတော့ ဤမိန်းကလေးနဲ့ သွေးသား တော်စပ်တယ်လို့တောင် ခံစားနေရတယ်။ ထို့ကြောင့် သူမဟာ ဤကိုးရိုးကားယားနိုင်သော အခြေအနေမှ ခေါ်ထုတ်ဖို့ လမ်းကြောင်းဖွင့်ပေးလိုက်ခြင်းပင်။

ယွီရှောင်ချောင်းဟာ သူမမွေးစားအမေအား စစ်မှန်တဲ့အပြုံးဖြင့် ပြုံးပြရင်း သူမလက်အား ဆွဲကိုင်လျက် ကျိန်ရှုံစားသောက်ဆိုင်၏ ဝင်ပေါက်ဆီလျှောက်လာခဲ့တယ်။

ဒီက ဧည့်သည်... စိတ်မရှိပါနဲ့ခင်ဗျ ဒီနေ့စားပွဲတွေက လွန်ခဲ့တဲ့သုံးရက်ကတည်းက ကြိုမှာထားတာတွေပါ... ကျွန်တော်တို့ဘက်က တကယ်ကို သီးသန့်အခန်း နေနေသာသာ အခန်းလွတ်ကို မရှိတော့လို့ပါ...

ဆိုင်တာဝန်ခံမှာ အကင်းပါသူဖြစ်တယ်။ သူ့ရှေ့က ဂုဏ်သရေရှိ မြင့်မြတ်သောလူငယ်ဆိုသူမှာ အံ့မခန်း မိသားစုနောက်ခံရှိသူ ဖြစ်ရမယ်။ သို့ပေမယ့်လည်း အလုပ်တစ်ခုမှာ ပမာနအကျဆုံးက ရိုးသားမှုပင်။ သူ့ရှေ့ရှိလူက အထက်တန်းကျတာ တစ်ခုတည်းနှင့် တစ်ပါးသူတွေ ခက်ခက်ခဲခဲ ကြိုတင် နေရာချိတ်ထားခြင်းအား မပယ်ဖျက်နိုင်ပါချေ။ လုပ်ခဲ့လျှင် သူ့လုပ်ရပ်ဟာ သူ့ဆိုင်ဂုဏ်သတင်းကို ဆွဲချရာ မရောက်လေဘူးလား။ ဒါကြောင့် သူ့အနေနဲ့ စိတ်ရင်းနဲ့ တောင်းပန်ရုံသာရှိလေတယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now