EP - 3

1.2K 93 2
                                    

'ဝမ့်ကျီး .... ဘယ်သူလဲ ဝမ်ကျန့် လား....'

'ဟုတ်တယ် ကော .... သူ ဒီနေ့ ကျောင်းစတက်တာ အဲ့ဒါ အဆင်ပြေလား မေးနေတာ။'

'အင်း ဝမ်ဝမ်က စကားသိပ်မပြောတဲ့ ကလေးမို့ တော်သေးတာပေါ့။ မဟုတ်ရင် အခုလို နေရာပြောင်းလိုက် ကျောင်းပြောင်းလိုက် လုပ်နေတာ စိတ်တော့ ညစ်ရှာမှာပဲ။ အခုလည်း အိမ်တော်ထိန်းနဲ့ပဲ ထားခဲ့တာတောင် နေတတ်အောင် နေ နေရှာတာ။'

' ဟုတ်တယ် ကော ကျနော် ဒီမှာ ကိစ္စ အမြန်ဖြတ်ပြီး ကလေးနဲ့ သွားနေပေးတော့မလို့။ ဒီမှာ ကော တစ်ယောက်တည်း အဆင်ပြေမလား။'

'ပြေမှာပါ အခု ကောတို့ သတင်းရထားပေမယ့် သေမှ မသေချာသေးတာ။ ပြီးတော့ ခုလောက်ဆို သူ အားတော်တော်ကြီးနေလောက်ပြီ။သူနဲ့ထိပ်တိုက်မတွေ့သေးတာ ကောင်းမယ်။'

'ဟုတ်တယ် ဒါပေမယ့် တကယ်လို့ ဝေ့ရင်း ပြန်လည်မွေးဖွားလာမယ်ဆိုရင် သူ အရင်ဆုံး လှုပ်ရှားမယ် ထင်တယ်။'

'အင်း အခုလို သူ ပြန်ပေါ်လာတာ ဝေ့သခင်လေးနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးခြားလာလို့ ဖြစ်လိမ့်မယ်။ ဝမ့်ကျီး စိတ်ချ သွားပါ တကယ်လို့ သူ့ကို ခြေရာခံမိရင် ကော အကြောင်းကြားလိုက်မယ်။'

'ဟုတ် ကော ဒါဆို ကျနော် နောက် တစ်ရက် နှစ်ရက်နေ တရုတ်ကို ပြန်လိုက်မယ်။'
~~~~~~~~~~~~~
'တီ ... တီ..... တီ....' ရှောင်းကျန့် ဖုန်းသံကြောင့် မျက်လုံးမှိတ်နေရင်း ဟိုစမ်း ဒီစမ်းနဲ့ ဖုန်းရှာနေလိုက်တယ်။

'ဘယ်ခွေးလဲဟာ.....'

'ဟလို.... ဘယ်သူလဲ... သူများ အိပ်ကောင်းနေချိိန်မှာ ဖုန်းဆက်လာတာ...'

'ဟို .... ငါပါ ဝမ်ကျန့် ....'

ဟင်.... ဒီကောင် ဘယ်တုန်းက သူ့ဖုန်းနံပတ် ရသွားတာလဲ....

Chen Qing Universityရဲ့ E ခန်း ဦးနှောက်ကို အလုပ်ပေးလိုက်တော့ သူတို့ခင်ပြီး နောက်နှစ်ရက်ကျတော့ သူတို့တွေ wechat acc ရော ဖုန်းနံပတ်တွေပါ လဲပြီးသွားပြီဆိုတာ သတိရသွားတယ်။

'ဟဲ... ကလေးလေး ပြော...' ဟုတ်ပါတယ် အသက်တူပေမယ့် ဝမ်ကျန့်နဲ့ ခင်တာ မကြာသေးပေမယ့် ရှောင်းကျန့် ဝမ်ကျန့်ကို ဘယ်လိုရင်းနှီးလို့ ရင်းနှီးမှန်းမသိပဲ ပါးစပ်ကနေလည်း ကလေးလေးလို့ ထွက်သွားလို့ သူတောင် အံ့ဩနေရသေးတယ်။

The Promise  ( Completed )Where stories live. Discover now