စာစဉ် ၂၈ (၁-၁၀)
1.8K 165 6
စာစဉ် ၂၈၊ အခန်း ၁ ။ ယူရှန်းရဲ့လက်ထပ်ခွင့်တောင်းဆိုခြင်း (5)
“ကျွန်တော်စစ်ထဲကနေပြန်ထွက်လာမှ လာနိုင်ခဲ့တာမို့လို့ နောက်ကျသွားတာပါမေမေ”
ဂူယူရှန်းအမှန်အတိုင်းပဲ ရှင်းပြလိုက်တော့သည် ...
“ယောက္ခမကြီး ကျွန်တော် ရှောင်အိုက်နဲ့အတူရှိချင်ပါတယ် အပြစ်တင်ချင်တယ်ဆိုရင် ကျွန်တော့်ကိုပဲ အပြစ်တင်ပါ အကုန်ကျွန်တော့်ကြောင့်ပဲမို့လို့”
သူမ သမီးကိုယ်ဝန်ဆောင်တာကိုတောင် မသိလိုက်ရလို့ ဒေါသထွက်ပေမဲ့လည်း ဒီလိုသမက်မျိုးနဲ့ ချစ်စရာမြေးမလေးကိုလည်း ရလိုက်တာမို့ ချင်းကျီအိုက်အမေ အပြစ်မတင်ချင်တော့ပါ ။
ချင်းကျီအိုက်အမေက ပြုံးပြလိုက်တာမို့ ဂူယူရှန်းလည်း
သူမ စိတ်ဆိုးပြေသွားကြောင့် သိလိုက်ရသည်ကြောင့် စကားဆက်လိုက်တော့သည် ။
“အမေ ကျွန်တော်တို့ မနက်ဖြန်ပေကျင်းကိုပြန်မှာပါ အဲ့ဒါအမေပါ တစ်ခါတည်းလိုက်ခဲ့ပါနော် ပဲစေ့လေးလည်း သူ့အဖွားကိုတွေ့ချင်နေမှာပါ”
“ယောက္ခမကြီး” ကနေ “အမေ” ဆိုပြီးအခေါ်အ‌ဝေါ်ပြောင်းသွားပြန်တာမို့ ရှောင်ဝမ်ကတော့ မျက်စိစပါးမွှေးစူးနေလေပြီဆိုသော်ငြား ချင်းကျီအိုက်အမေကတော့ သဘောတကျရယ်လေသည် ....
……
ပေကျင်းမှာရှိနေတဲ့ သခင်ကြီးဂူကတော့ ကလေးပုခက်ကို လွှဲရင်း လက်ထဲမှာလည်း အရုပ်ကိုင်ထားသည် ... ပုခက်ထဲက ကလေးကို ကျီစယ်ရင်း သဘောတကျပြုံးနေလေတဲ့ သခင်ကြီးဂူ ရုတ်တရက် နှာချေချင်လာတာမို့ နှာခေါင်းကိုပိတ်လိုက်ကာ ကလေးနားက ထွက်သွားလိုက်တော့သည် ။ အအေးမိချင်နေသလိုမို့ ကလေးဆီပိုးတွေရောက်သွားနိုင်တာကြောင့်ပင် ..ကလေးနဲ့ တော်တော်‌ဝေးတဲ့ နေရာရောက်မှသာ လွတ်လွတ်လပ်လပ်နှာချေနိုင်တော့လေသည် ။
……ဒီဇင်ဘာ ၈ ရက်နေ့ ...
ရှုဝန်နူးအတွက်တော့ ထိုနေ့က အမှတ်ရစရာတွေရှိသည့်ထူးခြားသည့်နေပင်တည်း ။
လွန်ခဲ့သောတစ်နှစ် ဒီလိုနေ့မှာ ဆောင်းရာသီရဲ့ ပထမဆုံးနှင်း ကျခဲ့သည် ။ နေ့လည်ပိုင်းမှာ ၀ူဟောင်က အတန်းချိန်ဖျက်ပြီး ဟူဖန် တံတားဆီကို သူမကိုလိုက်ပို့ပေးခဲ့ဖူးသည် ၊