(၆)Z/U
873 79 2
Zawgyi
_______
ရှောင်းဟုန်စိတ်လှုပ်ရှားနေမိသည်။နေ့ခင်းကကြင်ယာတော်မြှောက်ပွဲက လဲအဆင်ပြေပြေနှင့်ပြီးသွားသည်လေပြီးတော့အမေတို့ကလဲရောက်လာပြီး ရှောင်းဟုန်အတွက်ဝမ်းသာကြောင်းပြောပြီးချက်ချင်းပြန်သွားကြသည်။
ဘယ်လိုပဲကိုယ်ဝန်ဆောင်နိုင်သည်ဆိုဆိုရှောင်းဟုန်ကယောက်ျားတစ်ယောက်ပဲလေ မိဖုရားတစ်ယောက်ရဲ့နေရာတော့မယူရဲ ရှောင်းဟုန်ထက်သင့်တော်မဲ့မိန်းမလှလေးရှိလာမှာပဲကို
“မအိပ်သေးဘူးလားဟုန်အာ”
ရှောင်းဟုန်အသံကြားတာကြောင့်မော့ကြည့်လိုက်သည်။
“ကိုယ်တော်ကမင်းအပေါ်ကအစကိုကိုယ့်ဟာကိုလှန်တင်မယ်ထင်နေတာ ”
ရှဲ့ဟန်က ရှောင်းဟုန်ရဲ့မျက်နှာကိုလက်ညိုးထိုးကာပြောလိုက်တော့ ရှောင်းဟုန်ရဲ့အသံသေးသေးလေးထွက်လာသည်။
"ရှောင်းဟုန်ကဓလေ့ကိုမပယ်ရဲပါဘူးဒါကြောင့်အရှင်ကပဲ
ဟို...ဒီအပေါ်ကခေါင်းဆောင်းကိုတင်ပေးပါလား"
"ကောင်းပြီလေ "
ရှဲ့ဟန်သူ့မျက်မှာကိုဖုံးကွယ်ထားတဲ့ပိတ်စလေးကိုလှပ်တင်လိုက်တော့ပေါ်လာ သည့်မျက်နှာရဲရဲလေး ရှက်နေပြီထင်၏။
"မင်္ဂလာသေရည်ကသောက်ဖို့မလိုတော့ဘူးထင်တယ်
ဟုန်အာ ဗိုက်ထဲကကလေးအတွက်စိတ်ပူလို့"
"ဟုတ်ကဲ့အရှင်"
"နားလိုက်တော့"
ရှောင်းဟုန်စောင်ကိုအရင်ခြုံပြီးသာအိပ်စက်လိုက်သည်။
အရှင်ကတော့သူ့ဘေးနားမှာထိုင်ကာသူ့ကိုငေးကြည့်နေသေးသည်ခနအကြာမှာတော့ကျောပြင်ဘက်ကနွေးထွေးမှုနှင့်အတူ ဂုတ်ပေါ်ကအသက်ရှုသံနွေးနွေးလေးက အရှင်သူ့ကိုထွေးပွေ့ထားသည်ဆိုသည့်သက်သေပင်....။
မြင်ချင်နေသည့်အရှင့်မျက်နှာရဲ့ အပြည့်အစုံကိုတော့ ရှောင်းဟုန် ထုတ်ပြခိုင်းဖို့မတောင်းဆိုရဲပါ.....။
**********
“နိုးလာပါပြီလားကြင်ယာတော်ရှောင်း ”
ရှောင်းဟုန် အိပ်ယာနိုးနိုးချင်းကြားလိုက်ရသည့်စစ်သူကြီးချန်ဖေးရဲ့အသံကြောင့်ဘေးကိုကြည့်လိုက်တော့အရှင်ကရှိမနေ လွှင့်နေသည့်လိုက်ကာအနီရောင်လေးကိုဖယ်လိုက်တော့
ခေါင်းငုံ့ ကာရပ်နေသည့်ချန်ဖေးကိုတွေ့လိုက်ရသည်။
စတွေ့တုန်းကကြောက်လန့်ခဲ့ပေမဲ့ ရှောင်းဟုန်ဒီမှာရောက်နေတဲ့ကာလလုံးသူက ရှောင်းဟုန်အတွက်အဖော်ကောင်းဖြစ်ခဲ့သည်လေ။အစစအရာရာကူညီပေးခဲ့သည့်ချန်ဖေးက ရှောင်းဟုန်ရဲ့မိတ်ဆွေ တစ်ယောက်လိုဖြစ်နေချေပြီ...