Chapter - 15 (Part 1)

572 94 1
                                    

Unicode

ငါက ရိုမန့်တစ်ဆန်တဲ့လူတစ်ယောက်အဖြစ် မွေးဖွားလာခဲ့တာ။ အဲ့ဒါကြောင့် ငါ့မှာ ရှုပ်ထွေးပြီး​တော့ ထိလွယ်ရှလွယ်တဲ့ ခံစားချက်​တွေ များစွာရှိ​နေတယ်။ အဲ့အပြင် ငါ ချစ်မြတ်နိုးရတဲ့လူကိုလည်း အဲ့လိုခံစားချက်​တွေကို ကျေကျေနပ်နပ်ကြီး ခံစား​စေလိုတယ်။

စိတ်အနှောင့်အယှက်ဖြစ်စရာ ​ကျောင်းကုန်းဇီသာမရှိခဲ့ဘူးဆိုရင်​တော့ ငါက ရှုပ်​ပွေတဲ့လူတစ်ယောက် ဖြစ်သွားနိုင်တယ်။

ဒါပေမယ့် ဘဝမှာ ဘာဆို ဘာမှ ရှိမှာမဟုတ်​တော့ဘူး။

ဒါတွေအားလုံးက အရေးမကြီးပါဘူး။ အရေးကြီးတာက ​ကျောင်းကုန်းဇီဟာ ဒီလိုလူမျိုးမဟုတ်ဘူး။ ​ကျောင်းကုန်းဇီက နားလည်ရခက်တဲ့လူတစ်ယောက်ဖြစ်​နေတယ်​လေ။ သူ့မျက်လုံးထဲမှာ နမ်းတာထက် အစာစားတာက ပိုအရေးကြီးတယ်။ အဝတ်အစားက အစားအသောက်ထက် ပိုအရေးကြီးတယ်... သူက လုံးဝကို လက်တွေ့ဆန်တဲ့သူမို့ သူ ငါ့ကို ပေးတဲ့လက်ဆောင်တွေက အရမ်းဖြစ်ကတတ်ဆန်းဆန်တယ်။ သူ ငါ့ကို ဂရုတစိုက်နဲ့ ရွေးချယ်ထားတဲ့ လက်ဆောင်တစ်ခု​တော့ ပေးခဲ့ဖူးပါရဲ့။ ဒါကြောင့် ဆက်မကြိုးစား​တော့ဖို့ သူ့ကို ငါ ပြောလိုက်ရတယ်။

ဘာပဲဖြစ်ဖြစ် ​ကျောင်းကုန်းဇီဆိုတဲ့လူမှာ ​ဖော်ပြထိုက်တဲ့ အချစ်ရေးရာဇဝင်​တွေမရှိခဲ့ဘူးဆိုပေမယ့် တစ်နည်းနည်းနဲ့တော့ သူ လုပ်ခဲ့တာပါပဲ။

တစ်ဖက်လူက သူ့ထက် ငယ်ရွယ်တဲ့ မိန်းမပျိုလေးဖြစ်ပြီး က​လေးဘဝက ချစ်ရသူလည်းဖြစ်ကာ မိသားစုနောက်ခံအရ သူနဲ့လိုက်ဖက်​နေ​ပေမယ့် သူတို့ကြားထဲကို ငါက အရှက်မရှိ ဝင်​ရောက်လာခဲ့တယ်။ ငါက ​ကျောင်းကုန်းဇီရဲ့ အကျင့်သီလနဲ့ အကြောင်းပြချက်​တွေကို လုယက်ခဲ့တယ်​လေ။

အနည်းဆုံးတော့ ဦး​လေးတာ့လီရဲ့ မျက်လုံးထဲမှာ​ အဲ့လိုပုံစံ​ဖြစ်​နေခဲ့တာ။

ပြီး​တော့ အခြားလူအများစုရဲ့အမြင်မှာလည်း အဲ့လိုဖြစ်​နေခဲ့တယ်​လေ။

အရင်က ရုပ်ရှင်တွေ, ဝတ္ထုတွေထဲမှာ ဒီလို အလားတူဇာတ်လမ်းမျိုးကို ငါ မကြာခဏ မြင်ခဲ့ဖူးတယ်။ အခြေအနေအများစုမှာ​တော့ ဒီအမျိုးသမီးမှာ ငါ့ထက် မလိုမုန်းတီးစိတ်​တွေများ​နေမယ်ဆိုရင်​ ငါက ပိုမြင့်မြတ်တဲ့အကျင့်စာရိတ္တရှိတဲ့​နေရာကို ရရှိနိူင်တယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now