Part 12 (Uni+Zawgyi)

5.7K 279 4
                                    

Uni

"သားငယ် ဒီအပတ် ပိတ်ရက် ​ခေတ်ကို အိမ်​ခေါ်ခဲ့ပါအုန်း၊ မာမီ့​မွေး​နေ့ ဘုန်းကြီးဆွမ်းကပ်လုပ်မလို့ "

"ဟုတ်မာမီ သား ​ခေါ်ခဲ့မယ်​လေ "

"မမ ကို ​ခေတ်က ဗိုက်ဖုံး ဂါဝန်​တွေ ချုပ်ထားတယ်တဲ့"

"ဟုတ်လား ငါ့​မောင်​လေး ​ခေတ်က ​တော်
လိုက်တာ၊ ခေတ်​လေးကို ​ပြောလိုက်အုန်း
ညအိပ်လာခဲ့ လို့ ၊စကား​တွေ​ပြောရ​အောင်လို့ "

"ဟုတ် မမ "

"မာမီ သားသွားမယ် ​"

"အေး​အေး သား​လေး "

"သားငယ်​​​လေး ခဏ​နေပါအုန်း "

"ဪ​ကြီးသူ ဘာလို့လည်း "

"သား​ခေတ်​လေးအတွက် ဟင်းထည့်​ပေးလိုက်တာ ​နေမ​ကောင်းပြီးစဆို​တော့ ပါးစပ်ပျက်​နေမှာဆိုးလို့ "

"ဟုတ်ပါပြီဗျာ "

"သားချစ်ဖို့လည်း ထားပါအုန်း
တစ်အိမ်လုံး သားချစ်သူ​လေးကို ဝိုင်းချစ်နေကြတာ "

"ဟားးး"

တစ်အိမ်လုံးရဲ့အချစ်ခံ​ခေတ်​လေးပါ ။ မာမီ ကဆို ပါးစပ်ကမချ ။  မမဆို လည်း ​ခေတ်နဲ့ဖုန်း​ပြောရတာ အ​မော ။​ခေတ်ရဲ့ လူချစ်လူခင် များတာက​တော့ လက်ဖျားခါ​လောက်သည် ။

~~~~~~~~~~~

ခန့်မင်းတို့ အိမ်​ထောင်​ရေးသည်လည်း မိဘ ​ပေးစားလို့သာ ယူထားတာ အ​တော်​လေး သာယာလှသည်။ ခန့်မင်းကလည်း ရ​ဝေ့ကို ချစ်လိုက်တာ မျက်စိ​အောက်ကအ​ပျောက်မခံ။

​"မာမား သားဒီ​နေ့ duty off တယ် ​ဝေ့ကို ဆိုင်ကို​​ခေါ်မသွားနဲ့​နော် ၊သား​ခေါ်သွားစရာရှိလို့ "

​"အေးပါ သား​​လေး "

​မာမား အိမ်အကူ ​ကောင်မ​လေးကို​ခေါ်ကာ ဆိုင်ကိုထွက်သွားသည်။

"ကိုခန့် ဘယ်သွားမလို့လည်း "

"ဘာမှမသွားဘူး ပိတ်ရက်​လေး ​ဝေ့နားကပ်ချင်လို့ ၊ ယောကျာ်းတ​စ်ယောက်ထဲဆို ပျင်းလို့​သေလိမ့်မယ်"

​"ဟော ကိုခန့်က​တော့ မာမား သနားပါတယ်"

​​"ယောကျာ်းကိုကျ​တော့ မသနားဘူး လား၊ တစ်ပတ်မှတရက်ပဲနားရတာ ၊မိန်းမနားကပ်ချင်​သေးတယ် "

Forever Together  (Completed)Where stories live. Discover now