PART(2)

2.3K 179 14
                                        


Zawgyi

အိမ်ကိုပြန်ရောက်တော့ နိုင်းက အမေနဲ့အဖေ့ဆီသွားကာ ဒီနေ့ပျော်ခဲ့သမျှကိုသွားပြောနေပြီး နှိုင်းဟာ သူ့အဖေနဲ့အမေကိုနှုတ်ဆက်ကာ လေးလံနေတဲ့ခြေလှမ်းတွေနဲ့သူ့အခန်းဆီသို့ဦးတည်လိုက်သည်။

အခန်းထဲရောက်တော့ အရိုးမရှိတော့တဲ့လူတစ်ယောက်လိုပျော့ခွေကာကုတင်ပေါ်သို့လှဲချလိုက်သည်။နိုင်းနဲ့သူ နှစ်ယောက်အတူကစားကွင်းမှာပျော်ပျော်ပါးပါးကစားကြမယ့်အစီစဉ်က ဈာန်ပါလာတော့ သုံးယောက်ဖြစ်သွားခဲ့ပြီး စိတ်လှုပ်ရှားနေခဲ့တာနဲ့ပဲ ဘာတွေကစားလို့ကစားလိုက်မှန်းကိုမသိခဲ့ဘူး ။ ဈာန်ကညနေစောင်းသည်အထိသူတို့နဲ့အတူရှိနေပေးကာ စရိတ်စကတွေလည်းသူပဲအကုန်ဒိုင်ခံရှင်းပေးခဲ့သည်။ နိုင်းအတွက်လည်းလက်ဆောင်တွေဝယ်ပေးသေးတယ်။မိမိအနားကိုလည်း ပီကေလိုတစ်ချိန်လုံးလိုက်ကပ်ပြီးဂရုစိုက်ပေးနေတာ အရင်တုန်းကလိုပဲ။

အဆိုးဆုံးကလေ မိမိကိုယ်တိုင်ကိုက ထိုဂရုစိုက်မှုတွေမှာ ပျော်ဝင်နေပြီး ကျေနပ်နေခဲ့တာလေ။

"မဖြစ်ဘူးနော်.!!!ဈာန့်ကို...မင်းသူ့ကိုထပ်ပြီးချစ်မိလို့မဖြစ်ဘူး.!!"

"တကယ်မဖြစ်ဘူးနော်...ဈာန့်ကိုချစ်မိလို့မဖြစ်ဘူး!!"

"မင်းပဲ..ခံစားရမှာ...နာကျင်ရမှာ...!!!"

ုနှိုင်းဟာ ကုတင်ပေါ်တွင် ဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်နဲ့မူးနောက်ကာ ဂနာမငြိမ်ပေ၊နောက်ဆုံး သူကုတင်ပေါ်မှနေ ကြမ်းပြင်ပေါ်ကျမှပဲ ရပ်တန့်သွားသည်။ထိုနောက် ထလိုက်ပြီး...ရေချိုးရန် ရေချိုးခန်းထဲဝင်သွားလိုက်တယ်။

နှိုင်းမသိတာက အခန်းပြင်တွင် နိုင်းကရပ်နေကာ အထဲကဖြစ်နေသမျှတွေကိုခိုးနားထောင်နေသည်ကိုပဲဖြစ်တယ်။နိုင်းဟာ သူ့ကိုကိုအခန်းကခွာလိုက်ပြီး ဖုန်းထုတ်ကာတစ်စုံတစ်ယောက်ဆီဖုန်းဆက်လိုက်သည်။

"ဟယ်လို ကိုကြီးဈာန်လား.!"

[📞အင်း ပေါက်စီလေး.အိမ်ပြန်ရောက်ကြပြီလား ။ နှိုင်းရဲ့အခြေအနေရောဘယ်လိုလဲ.?]

"ကိုကိုကလေ...ထူးဆန်းနေတယ်..အခန်းထဲမှာတစ်ယောက်ထဲ..စကားပြောနေပြီး..ကိုကိုပြောတဲ့စကားတွေထဲမှာ ကိုကြီးဈာန်ပါတယ်"

I KᑎOᗯ YOᑌ ᒪOᐯᗴ ᗰᗴ || COMPLETE ✔Donde viven las historias. Descúbrelo ahora