အပိုင်း(၇)

89.1K 7.1K 886
                                    

အခန်းထဲတွင် Bluetooth sound box ဖြင့်
ဖွင့်ထားသော သီချင်းသံ
ခပ်တိုးတိုးပျံ့လွင့်နေသည်။

ရှန်ခွန်းနောင်ကတော့ ခုတင်ပေါ်တွင်
မှောက်ယက်လေးလှဲလျက်..
မေးထောက်ကာ laptop
တွင်ဖွင့်ထားသော.. streaming by Eric ၏
Game live streaming ကိုကြည့်နေမိသည်။

ပြောနေတာတွေ၊ ဆော့နေတာတွေ ဘာမှ
နားမလည်ပေမဲ့ screen ရဲ့ ထောင့်မှာပဲ
သေးသေးလေးပေါ်နေသည့် အစ်ကို့ရဲ့
ပုံရိပ်လေးကို မြင်နေရတာကိုက ..
သူ့အတွက်ပျော်ရွှင်မှုပဲ..။

အခုဆို ရှန်ခွန်းနောင်၏
နေ့ရက်တိုင်းက .. အစ်ကို့ဆီမှာပဲ
နစ်မြုပ်လျက်ရှိသည်။

ကျောင်းဖွင့်တဲ့မနက်တွေဆိုရင်
အမြဲတမ်းလိုလို အစ်ကို့အတွက်
ကော်ဖီကို ကိုယ်တိုင်ဖျော်ကာ ဗူးလေးနဲ့ ထည့်ယူပေးသွားတတ်သည့် အကျင့်လေးလည်း
ဖြစ်နေခဲ့ပြီ..။
ထိုင်နေကျ သစ်ပင်အောက်မှာ အစ်ကို့ကို
မတွေ့တဲ့နေ့တွေမှာတော့.. သူတို့ရဲ့
အတန်းကို.. ဘယ်သူမှ မမြင်အောင်
ခိုးကြောင်ခိုးဝှက်နဲ့သွားထားပေးတတ်ပြီး၊
သစ်ပင်အောက်မှာ အစ်ကို့ကို
တွေ့ခွင့်ရတဲ့ နေ့တွေကတော့
ရှန်ခွန်းနောင်အတွက် ရက်ရာဇာပဲ
ဖြစ်လေသည်။

ထမင်းစားချိန်ရောက်တိုင်း ထမင်းစားပြီးပြီလား ဆိုသည့် message လေးတွေကို
ဂရုတစိုက်ပို့ရတာကို
သဘောကျနေမိတတ်သလို ကျောင်းဆင်းလို့
အိမ်ပြန်ချိန်ရောက်တိုင်းလည်း.. အစ်ကိုက
မမေးပေမဲ့ 'ကျွန်တော် အိမ်ပြန်ရောက်ပြီနော်'
ဟုဆိုကာ အသိပေးမိသည့်
အကျင့်လေးလည်း ဖြစ်နေခဲ့ပြီ..။

ညတိုင်းလိုလို စကားသွားပြောတဲ့အချိန်တိုင်း
မှာလည်း Facebook newsfeed မှာတွေ့သည့်
Flirt သည့် စာတိုလေးတွေ ၊
ကာတွန်းပုံလေးတွေကို
တစ်နေ့တစ်ခုပို့မိတဲ့အခါ.. အစ်ကို့ဆီမှ
အမြဲလိုလို ပြန်ရောက်လာတတ်သည့်..
'ဒီကလေးကတော့ကွာ..'
ဆိုသည့် reply လေးကိုလည်း မြတ်နိုးမိ၏။

အချိန်အားဖြင့် နှစ်ပတ်ရှိနေပြီဖြစ်သည်။
အစ်ကို့ဘက်ကလည်း..
တိကျသည့်အဖြေဆိုသည့် ကိစ္စကို အခုထိ
မပြောသေးသလိုရှန်ခွန်းနောင်သည်လည်း..
ဒီအနေအထားလေးမှာပဲ ပျော်နေမိသည်..။

RO ( ရို ) (Completed)Where stories live. Discover now