(၇)Z/U
826 78 2
Zawgyi
_______
ရှဲ့ဟန်မနက်စောစောပင်လေ့ကျင့်ကွင်းထဲသို့ရောက်နေချေပြီ
အချိန်မရွေးကျရောက်လာနိုင်သည့်အန္တာရာယ်တွေရှိတာကြောင့်အချိန်ပြည့်တက်ကြွနိုးကြားနေမှရမည်ဖြစ်သည်။
စစ်ရေးလေ့ကျင့်နေချိန်ဆို ရှဲ့ဟန်ကဘယ်တော့မှအချိန်မသိတော့ ရှဲ့ဟန်ကမကောင်းဆိုးဝါးလိုပင် ဘာလို့မကောင်းဆိုးဝါးလို့ပြောရသလဲဆိုရင်ရှဲ့ဟန်ကလူသတ်ရတာကြိုက်သည်။
"အရှင် "
ဓားရေးကျင့်နေတုန်းနောက်ကအသံကြားလိုက်တာကြောင့်ဓားကိုနောက်ကလူရဲ့ လည်ပင်းဆီချိန်ရွယ်လိုက်သည်။
"ရှောင်းဟုန် !!"
ရှဲ့ဟန်မြင်လိုက်ရသည့်လူကြောင့်ဓားကိုအလျင်အမြန်ဖယ်လိုက်ပြီးဘယ်ဘက်လက်ကို ဓားကိုပြောင်းကိုင်ကာညာဘက်လက်ဖြင့် ရှောင်းဟုန်ရဲ့လည်ပင်းပေါ်ဒဏ်ရာရမရစစ်ဆေးနေတော့သည်။
"ဘာဖြစ်သွားလဲ ကိုယ်တော်ကရုတ်တရက်ဆိုတော့ "
"ဟိုရှောင်းဟုန်အဆင်ပြေပါတယ် "
ရှောင်းဟုန်နဲ့ချန်ဖေး တို့နှစ်ယောက် အရှင့်ဆီရောက်လာတော့ရှောင်းဟုန်အဝေးက အရှင့်ကိုမြင်ပြီးခြေလှမ်းတွေသွက်သွက်လှမ်းလာခဲ့သည်။
သူ့ဓားပေါ်အာရုံစိုက်နေသည့် အရှင်ကသူရောက်လာတာကိုသိပုံမရ သူခေါ်လိုက်တော့ အေးစက်စက်လေနဲ့အတူအရှင့်ရဲ့ပြောင်လက်နေတဲ့ဓားကသူ့လည်ပင်းဆီသို့ချိန်ရွယ်ပြီးသား
"ရှောင်းဟုန်မှားတာပါ အရှင့်ကိုလန့်အောင်လုပ်မိပြီ "
"ထားလိုက်ပါတော့ "
ရှဲ့ဟန်သူ့ဓားကို ချန်ဖေးဆီပစ်ပေးလိုက်ပြီး ရှောင်းဟုန်ဘက်လှည့်ကာ စူးစိုက်ကြည့်နေလိုက်သည်။ အဖြူရောင်ဝတ်စုံနဲ့လိုက်ဖက်စွာရှိနေသည့်သူ့အသားရေ မျက်လုံးနက်နက်လေးကတကယ်ချစ်ဖို့ကောင်းသည်ပဲ အနည်းငယ်နီမြန်းနေသည့် နှုတ်ခမ်းကဆိုးဆေးအနည်းငယ်တင်ထားပုံရသည်။ ကွင်းပြင်ဖြစ်တာကြောင့်တိုက်နေသည့်လေကသူ့ဝတ်စုံကိုလွှင့် အောင်ပြုလုပ်နေသည်မှာ သူ့အလှကိုပိုပံ့ပိုးနေသယောင် ခေါင်းပေါ်ကဘာအဆင်အယင်မှမရှိတာကြောင့် ရှဲ့ဟန်မျက်မှောင်ကြုံကာမေးလိုက်တော့မှ တုန်တုန်ယင်ယင်နဲ့ဖြေလာသည်