Chapter : 105

11.3K 1.3K 645
                                    

Unicode

ချစ်ခြင်းယှဉ်ပြိုင်

___________________

ယုဂန်​၏မျက်နှာနားတွင် အမွေးနုနုက ကလူ၏သို့ မြှူ​၏သို့၊ မထိတထိပြုနေ​၏။ ထို့နောက် အိစက်စက်စိုစွတ်စွတ် အရာတစ်ခုဟာ ယုဂန်​၏နှာဖျားလေးကို ဖျတ်ခနဲ ပွတ်တိုက်သွားပြန်သည်။

အမွေးနုနုရှိသော ထိုအရာက ယုဂန်​၏မျက်နှာနားမှ မခွာသေးဘဲ သူ​၏အမွေးများနှင့် ယုဂန်​၏ပါးပြင်ကို ပွတ်သီးပွတ်သပ်ပြုနေသည်။ ထိုနူးညံ့ပြီး အဆက်မပြတ်ဖြစ်သောအထိအတွေ့ကြောင့် ယုဂန် အိပ်ပျော်ရာမှ နိုးလာသည်။

သူသည် မဖွင့်ချင်ဖွင့်ချင်ဖြင့် ကော့ညွတ်လွန်းသောမျက်တောင်များကို လှစ်ဟလိုက်သည်။ အရင်ဆုံး သူ့ကို တောက်လျှောက် ပွတ်သပ်နေသည့် ဆပ်သွားဖူးကို မြင်လိုက်ရ​၏။

ဆပ်သွားဖူးက ယုဂန်နိုးလာသည်ကို သူ​၏အပြာရောင်တစ်ဖက်၊ အဝါရောင်တစ်ဖက် မျက်ဝန်းဝိုင်းဝိုင်းများနှင့် မမှိတ်မသုန်စိုက်ကြည့်နေသည်။ နေရောင်ဖျဖျက ဆပ်သွားဖူးကို ခြုံလွှမ်းထားသောကြောင့် ဆပ်သွားဖူး​၏ အမွေးများမှာ ပိုမို၍ဖြူစင်ရှင်းသန့်နေသည်။

ယုဂန်သည် အပျင်းဆန့်လိုက်ပြီးနောက် ဆပ်သွားဖူး​၏ဉ်ီးခေါင်းကို အသာအယာပွတ်သပ်လိုက်ရင်း

" မောနင်း ကလေးလေး"

ဟု အိပ်ချင်မူးတူးအသံဖြင့် နှုတ်ဆက်သည်။

ဆပ်သွားဖူးက အရှေ့တိုးလာကာ ယုဂန်​၏နဖူးကို သူ​၏ခေါင်းနှင့်တိုက်၍ ပွတ်နေပြန်သည်။

"ထူးထူးခြားခြား အနားကပ်နေပါလား။ မင်းရဲ့ ခမည်းတော်ရော ဘယ်မှာလဲ"

"မင်းရဲ့ခမည်းတော်" ဆိုသည်မှာ အရုဏကို ရည်ညွှန်းခြင်းသာဖြစ်​၏။

ယုဂန်သည် သူ့ကိုယ်သူ ဆပ်သွားဖူး​၏အဖေဟု သုံးနှုန်းသည်မို့ အရုဏကိုမူ နန်းဆန်သွားအောင် ဆပ်သွားဖူး​၏ခမည်းတော်ဟု တော်ဝင်ဆန်ဆန်ခေါ်ဝေါ်ပေးထားသည်။ အရုဏဟာတော့ ကြောင်​၏ခမည်းတော် ဖြစ်ချင်ပုံမရပါချေ။ ထိုသို့ခေါ်လိုက်တိုင်း သူ့ မျက်နှာကြီး ဆူပုတ်သွားတတ်သည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now