Chapter - 43.1 ( U+Z)

10.6K 1.9K 195
                                    

//UNICODE//

အခန်း 43.1 - သွေးအန်ခြင်း

ဆုံးဖြတ်ချက်ချပြီးနောက်မှာ​တော့ စုလင်းကို လင်းမန် ကားထဲ ဆွဲ​ခေါ်သွား​တော့သည်။ အစကတော့ စုလင်း နှင်းဆီပန်း​တွေ ပို့တာ တစ်ရက်လောက်ရပ်ပြီးရင် ဆက်ပို့ရကောင်းမလားလို့ တွေးနေခဲ့သည်။ ဒါပေမယ့် ဒီနေ့အတွက်တော့ သူ စိတ်ပူစရာ မလိုတော့။

လင်းမန်က အဝတ်အစား​တွေ ဝယ်ရတာကို အရမ်း ကြိုက်​လှသည်။ သူ့အတွက် ဝတ်စုံ ရွေးရတာကို ကြိုက်ပေမယ့် စုလင်း အတွက် ရွေးရတာ ပိုလို့တောင် စိတ်လှုပ်ရှားနေခဲ့သည်။ စုလင်း​လေးက​တော့ဖြင့် အဝတ်အစားဝယ်ရတာ ဒီလို အရမ်းပင်ပန်းလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိ​ချေ။ မွန်းတည့်ချိန်နီးနေပြီဖြစ်သော်လည်း လင်းမန်က ဝတ်စုံ​တွေ ဆက်ကြည့်​နေပြီး အားပါးတရ ဝတ်ကြည့်လိုက် ​ရွေးလိုက် လုပ်​နေဆဲပင်။ စုလင်း ဆိုဖာပေါ် လှဲချလိုက်ပြီး ငါ​တော့ နားပြီ ဟု ​ပြောလိုက်သည်။ သူ အဝတ်​တွေ စမ်းမဝတ်​တော့ဘဲ အကြံသာ ထိုင်​ပေး​နေခဲ့သည်။

မှန်ထဲကို ကြည့်လိုက်ရင်း လင်းမန် လည်စည်း​လေးကို ညှိကာ

"ငါ ငယ်ငယ်က​ဆို​လေ အဝတ်အစား​တွေ ဝတ်တမ်း​ဆော့ရတာကို အကြိုက်ဆုံးပဲ ဒါ​ပေမယ့် ကံမကောင်းတာက ငါ့မှာ Omega အစ်ကို မရှိခဲ့ဘူး"

သူက ​စုလင်းဘက်ကို ​ခေါင်း​လေး ငဲ့ကြည့်ရင်း

"ဖက်ရှင်အတွက်​ ငါ့အမြင်က အရမ်း​ကောင်းတာ​နော်။ မင်း အဲ့ဒီမှာ အသာ​လေး ထိုင်ပြီး ​စောင့်​နေလိုက်။ ငါမင်းအတွက် အလိုက်ဖက်ဆုံး အသင့်​တော်ဆုံး ဝတ်စုံကို ရွေး​ပေးမယ် အဲ့ဒါမှ မင်းလူတိုင်းကို အံ့သြသွား​အောင် စပရိုက် တိုက်လိုက်နိုင်မှာ!"

စုလင်းရဲ့ နှုတ်​ခမ်းထောင့်​​လေး တွန့်သွားပြီး

"အဲ့လောက် အကျယ်မချဲ့ပါနဲ့။ ငါက အ​တော်​လေး ခပ်လျိုလျိုပဲ ​နေတတ်တာ။ ငါ့ရဲ့ ၀တ်စားဆင်ယင်ပုံက သပ်သပ်ရပ်ရပ်ဖြစ်နေသရွေ့ ရပြီ"

လင်းမန်က သ​​ဘောမတူလှစွာဖြင့်

"မရပါဘူး။ မင်း ဒီညပါတီအတွက် မဒမ်ကုရဲ့ရည်ရွယ်ချက်ကို ​မေ့သွားပြီလား? မင်း အ​ကောင်းဆုံး အ​ချောဆုံး ဖြစ်​နေ​စေမယ့်ဟာ ​ရွေးမှကို ရမယ်"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now