Ch-15(Uni/Zg)

39.7K 3K 177
                                    

" လွန်းရေ "

" ဟေ "

" ခြံရှေ့မှာ နင့်နာမည်နဲ့ပါဆယ်ပုံးတခုတွေ့လို့ ငါယူလာပေးတာ "

" ဟင် ဘယ်သူလာပို့သွားတာလဲမိလှိုင် "

" အဲ့တာတော့ငါလဲသေချာမသိဘူးရယ် ခြံရှေ့မှာအမှိုက်သွားပစ်ကာမှ ငါလဲတွေ့တာ "

အပြင်ပန်းကို သေချာသပ်ရပ်စွာထုတ်ပိုးထားပီး အမည်မပါတဲ့ လက်ဆောင်ပုံးလေးကို လွန်းသေချာစိုက်ကြည့်နေလိုက်သည်

" ဒီလက်ဆောင်ပုံးထဲမှာ ဘာတွေပါလဲတော့မသိပေမဲ့ နင်သိမ်းထားမယ်ဆို သခင်လေးမမြင်အောင်ဖွက်ထားနော် သခင်လေးအလုပ်ပြန်လာတဲ့အချိန်တွေ့သွားရင် တအိမ်လုံးသောင်းကျန်နေပါအုံးမယ် လွန်းရယ် "

" အေးပါ ဘာပဲဖြစ်ဖြစ် ငါဒီလက်ဆောင်ပုံးကိုလွှင့်ပစ်မှာပါ "

စိတ်တွေကလေးလံနေပေမဲ့ လက်ထဲကလက်ဆောင်ပုံးလေးကို အခန်းထဲအမြန်ယူလာလိုက်တယ် ဘယ်လိုလူက ဒီလိုတွေပို့နေမှန်းမသိပေမဲ့ ကျတော့်လူကြီးသာသိရင်တော့ ပြဿနာတွေက ရှင်းမနိုင်ဖြစ်သွားမှာအသေအချာပါပဲ

အပြင်ပန်းကိုသာ သေချာပြင်ဆင်ထားပေမဲ့ အထဲမှာတော့စာအိတ်လေးတအိတ်ကလွဲပီး ထူးဆန်းတာဘာမှမရှိပါဘူး ဘယ်လိုလူကများ စိတ်ရှုပ်အောင်လာလုပ်နေရတာလဲ...

" ဟင် "

စာအိတ်ထဲမှထွက်ကျလာတဲ့ ဓာတ်ပုံလေးတွေက လွန်းရဲ့အတွေးအာရုံတွေကို ရှုပ်ထွေးသွားစေမှာအမှန်...
အသက် 70ကျော်အဖိုးကြီးရဲ့အနားမှာ ကပ်ပါလာတဲ့ဟန်နရီရဲ့ပုံက ပုံမှန်မြင်နေကျမဟုတ်ပဲ အကြည့်တွေက ခက်ထန်ကာ သွေးအေးနေသည် Companyသွားနေကျ၀တ်စုံမဟုတ်ပဲ jacketအမဲနဲ့Pantအမဲကို lather bootနှင့်တွဲဆက်၀တ်ထားပုံက လွန်းအတွက်အနည်းငယ်ထူးဆန်းနေသည် ဘေးနားက အဖိုးကြီးကလဲ အနောက်တိုင်း၀တ်စုံကိုသေသပ်စွာ၀တ်ဆင်ထားပီး တခုခုကိုအောင်ပွဲခံနေတဲ့ပုံပင်..

" ဒါက.... "

ဓာတ်ပုံထဲ ဟန်နရီခါးကြားထဲမှ သေနတ်ကြောင့် လွန်းရဲ့မျက်လုံးလေးက ပို၍အရောင်တောက်သွားသည်

ဒါကဘာလဲ ဘာလို့သူ့ရဲ့ကိုယ်ပေါ်မှာ ကြောက်စရာကောင်းတဲ့ သေနတ်ရှိနေရတာလဲ...ဒီအရွယ်ကြီးရောက်ခါမှ ကလေးကစားစရာသေနတ်ကို ခါးကြားထဲထည့်လောက်မှာမဟုတ်
ဒီသေနတ်က အရင်တခါဖုန်းထဲ၀င်ရောက်လာတဲ့ သေနတ်များလား...သေချာတာတော့ ကျတော့အပေါ်တခုခုကို ဖုံးကွယ်ထားတာပဲမှတ်လား ဒီပုံတွေရဲ့အဓိပ္ပာယ်ကို ဘာမှနားမလည်ပေမဲ့ ကျတော့်ရင်ကိုပူလောင်စေတာတော့အမှန်ပါပဲ

HANARY(S1+S2) Where stories live. Discover now