Part - 34⚡Final

16.8K 516 32
                                    

🔹Unicode🔹

"မမ ၀၀
ထထ က
အက ပထမ

ကပါ ကပါ
မမရာ
ည ည
လ သာသာ

ညအခါ
ငါစာရ
မမ ၀၀
ထထ က"

"တော်လိုက်တာ ဖေဖေ့သားလေးက"

4နှစ်ကျော်အရွယ် သုန်သုန်လေးက ဉာဏ်ကောင်းသည့်ကလေးမို့ Kgတန်းကဗျာများပင် လက်တန်းဆိုနိုင်နေပြီဖြစ်သည်။ကဗျာလေးတွေကို ကစားနေရင်းလဲ ဆိုသည်။ရေချိုးတဲ့အချိန် နောက်ဆုံး Toiletထဲကနေတောင် အသံဆာဆာဖြင့် ဆိုနေတတ်တာလေးက အိမ်ရဲ့ဆည်းလည်းသံလေးထဲကတစ်ခုပင်။အခုလဲ သူ့ဒယ်ဒီ ဦးသက်ဘုန်းနိုင်ရဲ့အလုပ်ကို သားအဖနှစ်ယောက်သွားလည်တာ ကားပေါ်မှာတစ်လမ်းလုံးဆိုလာလေသည်။

"ဟုတ်တယ် သုန်သုန်က ဒယ်ဒီသားမို့‌လေ ဒယ်ဒီကပြောတယ် ဒယ်ဒီငယ်ငယ်ကလဲ သုန်သုန့်လိုဉာဏ်အရမ်းကောင်းတာပဲတဲ့"

သုန်သုန်ပြောလိုက်မှ ထင်သူ့ဘာသာ ငဒူလေးလို ခံစားလိုက်ရသည်။

အဲ့တာ ဟိုနှစ်ကောင်နဲ့ပေါင်းလို့ ငါကဉာဏ်ကောင်းတယ် စာလုပ်ရမှာပျင်းတာ!

"ဒါဆို သုန်သုန်က ဖေဖေ့သားမဟုတ်ဘူးလား"

"ဖေဖေ့သားလေ ဒါပေမယ့် သုန်သုန်က ဒယ်ဒီနဲ့တူတယ်"

"မှန်ထဲကြည့်ကြည့်လေ သုန်သုန်က ဖေဖေ့‌လို အသားဖြူတယ် လုံးလုံးသေးသေးလေး ဒယ်ဒီဆို မီးသွေးခဲကြလို့ ကိုယ်ကြီးကို ကြည့်လိုက်အုံး ကင်းကောင်လိုကြီး"

"ဟုတ်ဘူး သုန်သုန့်ဒယ်ဒီအသားက ရွှေတုံးလေးလိုပဲ"

ဟုတ်ပါသည် ထင့်အသားအရေက ဖြူတဲ့ဘက်သွားပေမယ့် ဦးသက်ဘုန်းနိုင်ရဲ့အသားအရည်က အညိုရောင်နည်းနည်းယှက်ပြီးအသားရည်ကအဝါရောင်ဘက်ပိုသွားသည်။

"ပြီတော့ ဒယ်ဒီက ကင်းကောင်ဟုတ်ဘူး စူပါမန်းလိုပဲ"

တစ်ခါတစ်လေ အမြင်ကပ်စရာကောင်းတာ အဲ့လိုပင်။သူ့ဒယ်ဒီဆို တစ်ချက်အထိမခံပေ။သူများပြောလာတဲ့စကားကို ငယ်ငယ်ရွယ်ရွယ်နဲ့ ပြန်ချေပတတ်တာ ထင့်အကျင့်တွေကူးနေတာဖြစ်လိမ့်မည်။

"ဟုတ်ကဲ့ပါ ဒယ်ဒီချစ် သားကြီးရဲ့ ကျွန်တော်မျိုးအမှားပါ"

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now