Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၁၁)
" ရှင့်လိပ်ပြာ ရှင်လုံတယ်လို့ပြောခဲ့တယ်နော် Mr.Fox.."
အလောင်းအိတ်နား၌ ဒူးထောင်ကာထိုင်နေပြီး အကြည့်စူးစူးတို့ထုတ်လွှင့်နေသော ဆက်ခံသူသခင်မလေးသည် နတ်ဆိုးတစ်ဦးသဖွယ်ပြုံးနေလေသည်။
Foxသည်ခေါင်းညိမ့်ပြလိုက်သည်။ ပါးစပ်ဟဖို့တော့မဖြစ်ချေ..။ ဆိုးဝါးသောအပုတ်နံ့က ဟလိုက်သည်နှင့် တန်းဝင်လာသောကြောင့်ဖြစ်သည်။
" ရှင်ကြည့် ဒီနှစ်ယောက်က ရှင့်ဂိုဏ်းသားတွေနဲ့မတူဘူးလား "
မျက်နှာ၌ အဆင်းရာအနည်းငယ်ရှိသော အလောင်းကောင်နှစ်ဦးစီ လက်ညှိုးထိုးကာပြလိုက်သည်။ သူမ၏ဖော့ဖယောင်းသဖွယ်ပြေပြစ်သော လက်ညှိုးသည် သူမရှေ့ရှိ အလောင်းကိုကိုင်ဖို့မတန်ဖွယ်ရာ သဘောရှိလေသည်။
" ဘယ်လိုလို့တူမှာလဲ ဒီလောက်ပုတ်ပွနေတာကို "
မြေခွေးသည် အသည်းအသန်ငြင်းရှာသည်။ သူလုပ်ကြံခိုင်းတဲ့နှစ်ဦးဖြစ်သည်ဆိုတာကို အတတ်သိပေမယ့်လဲ ဟန်ကိုဖို့ရလေသည်။
" အိုကေ..မတူဘူးပေါ့ နော် "
အလောင်းကောင်ကို ချက်ချင်းဆွဲမှောက်လိုက်သောကြောင့် အကုန်လုံးအံ့ဩနေသည်။ ဒီလောက်ပုတ်ပွယိုယွင်းနေတာကို ဒီသခင်မလေးက မကိုင်နိုင်လောက်ဘူးထင်ထားတာ..။
မှောက်လိုက်သောကြောင့် အိတ်ထဲရှိအရည်တချို့သည် ကြမ်းပြင်ပေါ်ဖိတ်ကုန်သည်။ ပဲ့ချင်နေပြီဖြစ်သော အလောင်းတွေ၏ မျက်နှာသည်လည်း အနည်းငယ်ယိုယွင်းသွားသည်။
" အဲ့တာဆို ဒီအမှတ်ကရော.."
ဂုတ်ပိုး၌ ထိုးထားသော မြေခွေးတစ်ကောင်၏မာန်ဖီနေပုံကို ဖော့ဖယောင်းသဖွယ်သွယ်လျသော သူမ၏ လက်ညှိုးဖြင့် ထိုးပြလိုက်သည်။ သူမ၏ လက်ညှိုးသည် ဖွဖွလေးတင်ထားသောကြောင့် အမှတ်အသားသည်ပျက်ယွင်းမှုမရှိချေ။
အမှတ်အသားကြောင့် မြေခွေး၏ မျက်နှာသည် ထားမရလောက်အောင်ပျက်ယွင်းသွားလေသည်။ သူ၏ နှဖူးတွက်လည်း ချွေးစတို့တွဲလဲခိုနေလေသည်။

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...