ကျေးဇူးတင်လွှာ 🖤
2.2K 90 11
🖤🙆‍♂️
ပထမဆုံးအနေနဲ့ မီ့အရေးအသားကြောင့် မိုးကုတ်မြို့လေး အပြင်နဲ့လက်တွေ့ အများကြီး ကွဲပြားသွားခဲ့ရင်၊ အနှစ်သာရ ပျက်ပြားသွားခဲ့ရင် တောင်းပန်ချင်ပါတယ်....။
"BlackZone" ကို မြတ်နိုးပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။ အစအဆုံး On going လိုက်ခဲ့ပေးသူတိုင်းကိုလည်း ကျေးဇူးတင်ပါရစေ...။
မီက သုတပိုင်း သိပ်မရသလို ဒီဇာတ်လမ်းလေးမှာ အချစ်အကြောင်းတွေကလွဲရင် ထူးထူးခြားခြား အနှစ်သာရတွေ သိပ်မပါခဲ့ပါဘူး...။
  ဒါပေမယ့် မီအများကြီး ကြိုးစားခဲ့တာပါ။ အထူးသဖြင့် စကားပုံတွေ အများကြီး ထည့်သုံးဖြစ်ခဲ့တယ်။ အလင်္ကာတွေရော တော်တော်များများ သုံးဖြစ်ခဲ့တယ်။
  ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး ဘဝင်မကျတာတွေရှိရင်လည်း အကြံပေးလို့ရပါတယ်။မီ့ကို ပြောချင်တာရှိရင်လည်း ပြောလို့ရပါတယ်။ပွင့်ပွင့်လင်းလင်း ဝေဖန်ခံရတာကို မီသဘောကျပါတယ်။
  အသစ်တစ်ပုဒ် ရေးဖြစ်တဲ့အခါလည်း စိတ်ဝင်စားရင် မီနဲ့အတူလိုက်ပါလို့ရပါတယ်ရှင်...။
ကိုကိုကြီးတို့အတွက် Extraဖတ်လိုကြရင်လည်း ရေးပေးပါ့မယ်။ အဲတော့ ပြောခဲ့ကြပါဦး။ဘယ်အတွဲအတွက် ဖတ်ချင်ကြလဲဟင် ။
(မေးမိပြီးမှ ရှက်​လည်းရှက်ပါတယ် အဟဲ)
  ပြီးတော့ Os Collection (12)ပုဒ် နဲ့ အလှူခံထားတာ ရှိပါတယ်။ မီတော့ မပါဝင်လိုက်နိုင်ဘူး။အကယ်၍ Osလေးဖတ်ပြီး အလှူထည့်ချင်ရင် မီ့ကိုဆက်သွယ်နိူင်ပါတယ်နော်...။
(လောလောဆယ် ၅၀၀၀၀ ဝန်းကျင် ရထားပါပြီ)
    အစစအရာရာ ဂရုစိုက်ကြပါ။
    အားလုံး...အားလုံးကို ချစ်ရပါတယ်။
#MiKyaw
#BlackZone
****************
🙆‍♂️🖤
😻 😻
#MiKyaw
#BlackZone
အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now